မိုးပေါ်မှာ ကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ

မိသားတစုပို့စ်အောက်မှာ ကွန်မင့်တခုရတယ်။ ရှေးမူ တွေကို စီစစ်ပြီး အမှန်ပြင်သင့်တယ် တဲ့။

(တ) ကို (တစ်) လုပ်ခိုင်းချင်ပုံရတယ်။ မှန်နေတာတွေကို အမှားမပြင်သင့်ကြပါ။ အရင်က သူငယ်တန်းဖတ်စာကို မှားအောင်မရေးပါ။

ခေတ်အပြောင်းအလဲဆိုတာ ခက်တာကိုလွယ်အောင်၊ ရှင်းအောင် ပြောင်းတာမျိုး။ မှန်တာကို မှားအောင်နဲ့ လွယ်တာကို ခက်စေအောင် မပြောင်းရပါ။

ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ် (မလွယ်) နဲ့။ မရှိတာထက် မသိထာခက်ကလည်း စကားပုံတွေဖြစ်တယ်။

စစ်ကိုင်းကောင်းမှုတော်ဘုရားကြီး ရွှေရောင်ဆေးသုတ်ပြီးကြပြီ။ ရှေးကမှန်နေတာတွေကို မတတ်ဘဲနဲ့ လိုက်ပြင်ချင်သူမျိုးဟာ ပုဂံရွှေစည်းဂုံဘုရားကို ထုံးသင်္ကန်းကပ်ချင်သူ စိတ်ထားမျိုးဖြစ်တယ်။

မြစေတီကျောက်စာကို အဓိပ္ပါယ်သဘောပေါက် နားလည်စေအောင်သာ ရှင်းလင်း ရေးရတယ်။ အသစ်ပြန်မရေးကောင်းပါ။

မိုးပေါ်မှာ ကြယ်တလုံး တိမ်ဖုံးပါလို့ လမသာ
သာတော့ခါ သာပါလိမ့်
နတ်ဒေဝါ သူဖန်ဆင်းတယ် ဖိုးရွှေလမင်း။

ခေတ်ဆိုပြီးပြင်သူတွေကြောင့် မြန်မာစာကြယ်တလုံးဟာ (တစ်ဖုံး) လို့သာ နေရရှာတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး