Thrush မှက္ခရု

ဆရာ မှက္ခရုက fungus ကြောင့် ဖြစ်တာလား Yeast ကြောင့် ဖြစ်တာလား သိပါရစေ

Candida fungus ကြောင့်ဖြစ်စေတယ်။

Money drop အစီအစဉ်မှာ မေးခွန်းက မည်သည့် အရာကြောင့် thrush ကို ဖြစ်ပွားစေသလဲတဲ့ choice ပေးထားတဲ့ answer လေးခုက protozoan, yeast, bacteria, fungus ဖြေတဲ့ သူလေးကလည်း သူနာပြုဆရာမလေး သူက fungus ကိုဖြေတယ် ကျွန်တော်က television ကြည့်နေရင်းနဲ့ သူဖြေတဲ့ fungus ကိုပဲ ရွေးချယ်ထားမိတယ် ဒါပေမဲ့ အဖြေက yeast တဲ့ ဆရာ

Thrush is an infection of the mouth caused by the Candida fungus, also known as yeast. Candida infection can occur in other parts of the body as well, causing diaper rash in infants or vaginal yeast infections in women.

ဖန်းဂတ်စ် ရော ယိစ် ပါ နှစ်မျိုးလုံး မှန်တယ်။

Thrush မှက္ခရုနာ https://doctortintswe.blogspot.com/2016/06/thrush-oral-candidiasis.html

ဒေါ့တွေ ဖျက်ဖတ်ရတယ်။ မြန်မာစာမှာ ဖူးလ်စတော့ပ် မရှိပါ။ အဲတာတွေနဲ့စာရိုက်ရင် အစကနေ အဆုံးထိ ဝါကျတကြောင်းတည်းသာဖြစ်နေတယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး