လက်ဖက်

သတင်းတွေကြားနေရတော့ ရေးချင်လာသည်။

အလည်ပြန်စဉ်က ပေးလိုက်တဲ့လက်ဖက် ကုန်ပြီ။ အစုံရောပြီး အိနေအောင် နှပ်ထားတာမျိုးလည်း မစားတတ်၊ အရွက်သပ်သပ်လက်ဖက်ကလည်း ဝယ်မရသေး။

ပလောင် တောင်တက်မနှေး၊ လက်ဖက်စားရေး ခက်တော့မည်လောမသိ။

ငြိမ်းချမ်းရေးလက်ဖက် ဘယ်သူကမ်းပါ့၊ တမ်းတမိပါသည်။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး