ရေအေးလည်းမပါ ရေနွေးလည်းမပါ

ဆရာခင်များ ယခုအခါ မနက်အိပ်ရာထ ရေနွေးသောက်ပါက ရောဂါများပျောက်ကင်းသည်ဆိုပါသည်။ သို့သော် ရေအေးသောက်သူများ နှလုံးသွေးကြောကျဉ်းမည်။ အသဲအစားထိုးရမည်။ အစာအိမ်အူမကြီးကင်ဆာဖြစ်ဟူ၍ ရေးသားနေခြင်းကို ဘဝင်မကျဖြစ်မိပါသည်။ ကျနော်တို့သည် မနက်အိပ်ရာထ ရေအေးသောက်တာ အန္တရယ် ရှိနေပြီလားဆရာ

ရေအေးသောက်သောက် ရေနွေးသောက်သောက် သန့်ရှင်းရင် ဘာမှ မဖြစ်စေနိုင်။ ရေမှန်သမျှ အိတ်ခ်ျတူးအိုသာ ဖြစ်တယ်။ ရောဂါပိုးပါရင်တော့ ရောဂါရစေနိုင်တယ်။

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ ဆေးလိပ်သောက်များသူ၊ သွေးတိုးကြာနေသူ၊ ကိုလက်ထော ခေါ် အဆီများသူတွေမှာဖြစ်နိုင်တယ်။ ရေးအေးလည်း မပါ ရေနွေးလည်းမပါ။

Ischemic Heart Disease နှလုံးသွေးကြောကျဉ်းရောဂါ https://doctortintswe.blogspot.com/2017/01/cute-heart-attack-treatment.html

Liver transplant အသည်းအစာထိုးဆိုတာ အသည်းရောင်စီပိုးကြောင့် ၂၂%၊ ဘီပိုးကြောင့် ၁၃%၊ အရက်ကြောင့် ၁၉% နဲ့ အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာအပါအဝင် တခြားအကြောင်းတွေကြောင့် ၂၈ + ၁၇%လုပ်ရတယ်။ ရေအေးလည်းမပါ ရေနွေးလည်းမပါ။

အူမကြီး ကင်ဆာ ဘာလို့ဖြစ်သလဲ
• အသက်ကြီးမှ ဖြစ်တာများတယ်။
• ယောက်ျားတွေမှာ ပိုဖြစ်တယ်။
• အမျိုးထဲမှာ တယောက်မက ဖြစ်တတ်တယ်။ ဒါပေမဲ့ ၇၅-၉၅% ဟာ မျိုးဗီဇနဲ့ မပတ်သက်တာ တွေ့ရတယ်။
• လူနေမှုပုံစံ (အစားအသောက်၊ အရက်သောက်၊ ဆေးလိပ်သောက်) ကြောင့်လဲ ဖြစ်နိုင်တယ်။
• Inflammatory bowel disease (Ulcerative colitis and Crohn's disease) ရှိနေသူတွေမှာ ပိုဖြစ်တယ်။
- Crohn's disease ရှိသူထဲက ၁ဝ နှစ်အတွင်း ၂%၊ ၂ဝ နှစ်အတွင်း ၈% နဲ့ ၃ဝ နှစ်အတွင်း ၁၈% အူမကြီး-ကင်ဆာ လာဖြစ်တယ်။
- Ulcerative colitis ရှိနေသူထဲက ၂ဝ% ဟာ ၁ဝ နှစ်နေရင် အူမကြီး-ကင်ဆာဖြစ်လာတယ်။

Colorectal cancer အူမကြီး ကင်ဆာ https://doctortintswe.blogspot.com/2014/12/colorectal-cancer.html

မဟုတ်ကဟုတ်ကတွေ နေ့တိုင်းရေးကြတယ် မေးလို့ဖြေရတယ်။ အချိန်ပိုတွေ ကုန်စေတယ်။ သူများကိုလိမ်ရတာ ဘာအကျိုးများသလဲ။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၁၉

Liers လူလိမ်ပွဲစားတွေ များတယ်

ဆရာ သွေးတိုးက ပြောင်းဖူးပြုတ်ရည်သောက်တာ ပျောက်တယ်ကြားလို့ ဖြစ်နိုင်မလားဆရာ

အခုပဲ မေးတာတခုဖြေပြီး တင်လိုက်သေးတယ်။

ယခုအခါ မနက်အိပ်ရာထ ရေနွေးသောက်ပါက ရောဂါများပျောက်ကင်းသည်ဆိုပါသည်။ သို့သော် ရေအေးသောက်သူများ နှလုံးသွေးကြောကျဉ်းမည်။ အသဲအစားထိုးရမည်။ အစာအိမ်အူမကြီးကင်ဆာဖြစ်ဟူ၍ ရေးသားနေခြင်းကို ဘဝင်မကျဖြစ်မိပါသည်။ ကျနော်တို့သည် မနက်အိပ်ရာထ ရေအေးသောက်တာ အန္တရယ် ရှိနေပြီလားဆရာ

မဟုတ်ကဟုတ်ကတွေ နေ့တိုင်းရေးကြတယ် မေးလို့ဖြေရတယ်။ အချိန်ပိုတွေ ကုန်စေတယ်။ သူများကိုလိမ်ရတာ ဘာအကျိုးများသလဲ။

လိမ်သူတွေများတယ်။ အလမ်ခံချင်သူတွေများတယ်။ လူလိမ်ပွဲစား ခေါ် အဲလိုစာတွေ ထပ်ဖြန့်သူတွေများတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး