အလွယ်လည်းကြိုက် အမှားလည်းလိုက်
ကွန်မင့်တခုရတယ်။
အလွယ်ရေးရာကနေအမှားတွေကအမှန်လိုနေရာယူလာကြတာ ဆရာ။
လူ့သဘောက အလွယ်ကြိုက်ပါတယ်။ အမှန်ကိုလွယ်အောင်ရေးတာ ကောင်းတယ်။ ယ္ခင်ကို ယခင်လို့ရေးတာ လွယ်ပြီး မမှား။ တကျပ်ကို တစ်ကျပ်လို့ရေးခိုင်းတာက ခက်လည်းခက် မှားလည်းမှားတယ်။
တပင်တိုင်လို့ တသက်လုံး ရေးလာ ဖတ်လာ သင်ယူလာတာကို တစ်ပင်တိုင်လို့ ရေးခိုင်တာ ခက်လည်းခက်တယ်၊ မှားလည်းမှားတယ်။
ဒေါက်တာတင့်ဆွေ
၁၉-၈-၂၀၁၉

Comments
Post a Comment