Myanmar’s Second Biggest City Receives Smart City Award 2019

ဒုတိယအကြီးဆုံးမြို့ကြီး စမတ်စီတီးဆုရ

ရေးတာကတော့ ဧရာဝတီမှာ။ တင်ပေးသူက မန္တလေးသား။ ကျွန်တော်လည်း အဲဒီမှာပညာသင်ခဲ့သူဖြစ်တော့ စိတ်ဝင်စားတယ်။ အခု မန္တလေးမှာ တာဝန်ယူနေသူတွေထဲမှာလည်း ဆရာဝန်တွေပါတယ်။ ရွှေမန်းတင်မောင်ရဲ့ လေးတော်တင် ဇာတ်ဝင်ခန်းထဲကလို သားအဖချင်းကြွားကြတယ်။

ဧရာဝတီနဲ့ မန္တလေးကိုတော့ အခုထိ သတ်ပုံပြောင်း အရေးမခံရသေး။ ကောင်းတယ်။

နှစ်တရာတံဆိပ်ခေါင်းထုတ်ပြီး ဂုဏ်ပြုခံရတဲ့ မန္တလေးရွှေမြို့တော်ကြီးရဲ့ စာနယ်ဇင်းနဲ့ စာပေမှာ အထင်ကရ လူထုတိုက်ကတော့ တစ်နောက် ကောက်ကောက်ပါအောင် လိုက်ပြေးသွားပြီ။ နှမြောလိုက်တာ။

ကျွန်တော်တော့ မီမှာမဟုတ်။ နှစ် ၁၅၀ တံဆိပ်ခေါင်းမှာ ဘယ်လိုရေးကြမလဲ။ သည်တိုင်းသာဆို မန်းဒလိမ်းဖြစ်စရာ လမ်းကြောင်းမှာ ခရီးတဝက်ရောက်နေပြီ။ မန္တလေး ကုသိုလ်တော်ဘုရား ကျောက်စာတွေကို သတ်ပုံပြင် စိုက်ထူကြတဲ့ခေတ်ကို ဦးတည်နေပါသည်။ ကျွန်တော်တော့ မီမှာမဟုတ်။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး