လူတယောက်ဆီ စာရေးချင်ရင်

မနက်ထ ကွန်မင့်တွေကို စဖတ်ပါတယ်။

ပို့စ်= ဆရာဝန် လျှာရှည်သတဲ့
ကွန်မင့် = Si Thu Aung Thwin Hetrozygous Haemoglobin E disease ဆိုတာလေး ရှင်းပြပေးပါဆရာ

ပို့စ်= Taste change လျှာအရသာပျက်ခြင်း
ကွန်မင့် = Si Thu Aung Thwin Bell's pasy က နောက်ထပ် တစ်ခါ ထပ်ဖြစ်နိုင်ပါသလား ဆရာ

ပို့စ်= Fainting (2) ရုတ်တရက် သတိလက်လွတ်ဖြစ်ခြင်း
ကွန်မင့် = Naytun Nay ဆရာ ကျမ်းမာရေးမေးခွန်းတွေမေးချင်လို့ ဘယ်လိုမေးရမလဲဆိုတာသိ့ချင်ပါတယ် ဒီကနေမေးလို့ရပါသလာဆရာ

ပို့စ်= Probiotics ပရိုဘိုင်အောတစ်
ကွန်မင့် = Thiri Mk Win Probiotic အစားထိုး kefir အကြောင်းလဲသိချင်ပါတယ်ဆရာ

ခဏခဏ (ခဏခဏ) ရေးတင်ပါတယ်။ ကွန်မင့်ဆိုတာ တင်ထားတဲ့ပို့စ်ကို ကြိုက် မကြိုက်၊ ကောင်း မကောင်း၊ မှတ်ချက် ပေးတာဖြစ်တယ်။ မေးတာကို အဲဒီအောက်မှာ ဖြေလိုက်ပါပြီတဲ့ မေးတဲ့သူက ဘယ်လိုလာရှာမလဲ။ ကျွန်တော်တော့ ကိုယ်တင်ထားတဲ့ပို့စ် ပြန်မရှာတတ်။

မေးနည်းတင်ထားထာတာ အခါတထောင်။ နေ့တိုင်းတင်တာ တနေ့ ၄-၅-၆ ခါ။

လူတယောက်ဆီစာရေးချင်ရင် အီးမေးလ်၊ မက်စင်ဂျာကနေရေးရတယ်။ ဖက်စ် ရှိရင်လည်းရတယ်။ စာတိုက်ကနေ ပို့နိုင်တယ်။ လူကြုံပါးနိုင်တယ်။ ငှက်တွေသုံးတဲ့နည်းလည်းရှိတယ်။

ဒေါက်တာတင်ဆွေ
၁၇-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး