တပြေးညီ အမိန့်တော်များ

ကျွန်တော် စာရေးတာ ဘလော့ပေါ်စကတည်းက။ ချင်းတွင်းသားများ ဘလော့မှာ ပဌမဆုံးစာပို့တယ်။ နောက် ကိုယ်ပိုင် ဘလော့တွေ တခုပြီးတခုရေးတယ်။ ပျက်တာလို့လည်း အသစ်ရေးရတယ်။ ဘလော့ပေါင်း ၂၀ လောက်ရှိမယ်။ ၁၅ နှစ်လောက်ရှိပြီ။ စကတည်းကနေ အခုထိ ဇော်ဂျီဖောင့်သုံးတယ်။ ဖောင့်ဖတ်မရဘူးဆိုတဲ့ အခက်အခဲဆိုတာ တနှစ် မရှိသေးပါ။

ကျွန်တော်တို့လူမျိုးက မခက်ခက်အောင် အဆင်ပြေနေတာကို မပြေအောင်၊ တီထွင်ဆန်းသစ်ရာမှာ တဖက်ကမ်းခတ် တတ်ကျွမ်းကြတယ်။

အခုစာရေးနေချိန်မှာ အဖတ်အများဆုံးဖြစ်တဲ့ ကျွန်တော့ဘလော့တခုကို စစ်ကြည့်တယ်။ စုစုပေါင်း ဝင်ရောက်ဖတ်တဲ့ အကြိမ်ပေါင်း 6,280,047 ရှိတယ်။ ၆ သန်းကျော်။ လာရောက်ဖသူတွေနေထိုင်ကြတဲ့တိုင်းပြည်စာရင်းက
Myanmar (Burma) 64823
United States 2526
Singapore 2311
Thailand 1398
Malaysia 699
Japan 536
South Korea 450
Unknown Region 422
Germany 134
Ukraine 134 တဲ့။

အခု မြန်မာပြည်မှာ ယူနီကုဒ် တပြေးညီလုပ်မှာတဲ့။ အဲလိုဆိုရင် ပြည်ပမှာ နေကြသူတွေကသာ ဖတ်လို့ မေးလို့ ရကြတော့မယ်။ မေးခွန်းတွေက တနေ့မှာ အနည်းဆုံး ၅၀ ကျော်လာတယ်။ ပြည်တွင်းကလာတာ ၉၀% ရှိတယ်။ သည်အတိုင်းဆို ၁၀% ကသာ မေးနိုင်ကြတော့မယ်။ သက်သာပြီ။

တ ကို တစ် လို့ တပြေးညီလုပ်ခိုင်းတာ ဦးနေဝင်း။ အခုတပြေးညီက လက်ရှိအစိုးရ။

ကျွန်တော်လည်း ပြည်ပအားကိုး အစစ်ဖြစ်တော့မယ်။ ပုဆိန်ရိုးတော့ မဟုတ်ပါ။ စာကိုသာ ပုဆိန်နဲ့ပေါက်သလိုရေးတာ။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၁၉

ဖက်ဒရယ် ဒီမိုကရေစီ ငြိမ်းချမ်းရေး ယူနီကုဒ် သို့မဟုတ် အိပ်ချိန်

၁။ ဆရာ့ blog က zawgyi ဖြစ်နေပြီး နောက်ပိုင်း ထွက်လာတဲ့ phone တွေရဲ့ default font တွေက Unicode ဖြစ်နေလို့ပါ အောက်တိုဘာလ ၁ ရက်နေ့မှာလည်း…See More

၂။ အောက်တိုဘာ ၁ ရက်မှာမှ ယူနီကုဒ် ပြောင်းမယ်လို့ ကြေငြာထားပါတယ် ဆရာ။

ဟိုအစောကြီးကတည်းက သိထားပါတယ်။ မတတ်နိုင်။ ယူနီကုဒ်နဲ့ရေးတဲ့သူတွေ အများကြီး အများကြီး။ အဲလိုနေရာမှာ ဖတ်နိုင်ကြပါတယ်။

မေးတဲ့သူလည်းနည်းလာရင် ကျွန်တော် အိပ်ချိန်ပိုရလာမယ်ထင်တယ်။ အခုတော့ သုံးမရတော့မယ်ဆိုတဲ့ဖေါင့်နဲ့ရေးတာ ည ၁ နာရီခွဲမှသာ အိပ်ရတယ်။ ညတိုင်းညတိုင်း။

ဖက်ဒရယ် ဒီမိုကရေစီ ငြိမ်းချမ်းရေး ယူနီကုဒ် ပေါ်မှ သုံးတော့မယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၁၉

ယောင်ခြောက်ဆယ့်တစ်

ယူနီကုဒ်သုံးသူတွေ ယောက်ျားစင်စစ်ကနေ ယောက်ျားတွေဖြစ်ကြမယ်။

ပုံပို့ပေးသူ ကျေးဇူး။

တသတ်ပုံမှန်တွေအကုန် တစ်ဖြစ်စေမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၁၉

ပုဂံမှာ ခွေးကိုက်တတ်သည်

မင်္ဂလာပါဗျ။ ဒီနေ့ ဆရာ ပြန်တင်ပေးထားတဲ့ ဗီးနပ်စ်ကို လက်သစ်မတပ်ပါနဲ့ ဆောင်းပါးကိုဖတ်ပြီး ဟြေစရာလေး ပေါ်လာလို့ပါ ဆရာ။ ကျွန်တော် တလောက ပုဂံရောက်တော့ နံရံဆေးရေးတွေ ကြည့်ချင်စိတ်နဲ့ ပုထိုးသားများ ဘုရားကိုသွားခဲ့ပါတယ် ဆရာ။ အဲဒီမှာ အထဲကိုကို ဝင်ခွင့်ပေးမထားပါဘူး ဆရာ ။ သော့ခတ်ထားပါတယ် ။ အကျိုးအကြောင်း ဘာမျှရေးမထားပါ။ အဲဒီထက်ဆိုးတာက ဘုရားနဲ့ကပ်လျက်ဘေးမှာ လူနေအိမ်တလုံး ရှိနေခြင်းပါ။ အထဲကိုမဝင်ရလို့ ဘေးကနေ စေတီကိုပတ်ပြီးကြည့်မယ်လုပ်တော့ ဒီဘက်မလာခဲ့နဲ့ ခွေးကိုက်တတ်တယ်လို့ မောင်းထုတ်ပါတယ်ဆရာ။ ပုဂံလို UNESCO ဝင်တဲ့နေရာမျိုးမှာ ဘုရားဖူးဧည့်သည်တွေကို ခုလိုဆက်ဆံတာမျိုးတွေဟာ အင်မတန်မှ ရုပ်ဆိုးလှပါတယ်ဆရာ။ ကျေးဇူးပြုပြီး ဆောင်းပါးရေး၍ပဲဖြစ်ဖြစ် တင်ပြပေးစေလိုပါတယ်။ ပုံက စေတီနဲ့ ကပ်လျက်ရှိတဲ့ အိမ်ကို Phone camera နဲ့ zoom ဆွဲပြီး ရိုက်ခဲ့တာပါ ဆရာ။

အော် ပုဂံမှာ ခွေးကိုက်တတ်သတဲ့။ သူများနိုင်ငံတွေမှာတော့ သမိုင်းသုတတွေကို သိစေချင်လို့ လူတွေကို လာချင်အောင် လုပ်ကြတယ်။ ခွေးမွေးမထားပါ။

ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး