Hepatic Hemangioma အသည်းသွေးကြောပိုရောဂါ

ဆရာ ကျေးဇူးပြု၍ကူညီပေးပါ သမီးအမေ အသည်းမှာသွေးလုံးရှိနေလို့ပါ။ Ct အဖြေက ထွက်တာပါ၊ခွဲလို့အဆင်မပြေဘူးပြောပါတယ်။ဘယ်လိုကုသလျှင်သက်သာနိုင်ပါသလဲ။ဘယ်လိုအစားအသောက်အနေအထိုင်ပြုမူနေထိုင်ရမလဲ ကျေးဇူးပြု၍ အကြံဥာဏ်လေးမျှဝေပေးပါဆရာ။ CT result ပါဆရာ

လူနာ အသက် မသိ။

Liver hemangioma လို့လည်းခေါ်တယ်။ သေးသေးလေးဆိုရင် ဘယ်လိုမှာ မခံစားရ။ ကုသရန်မလိုအပ်။ အများစုက သိပ်ကြီးမလာတတ်။ စစ်ဆေးမှုသာ အချိန်ကျရင် လုပ်နေသင့်။

တည်နေရာနဲ့ အရွယ်အစားအရ ကုသနည်း ရွေးရတယ်။

Surgery ခွဲစိတ်ကုသနည်းမှာ သွေးကြောအပိုကိုထုတ်တာနဲ့ အသည်းတစိတ်တပိင်းထုတ်ာရှိတယ်။ တချို့ကို သွေးကြောပိတ်နည်းလုပ်နိုင်တယ်။ hepatic artery ligation နည်းနဲ့ arterial embolization နည်းလို့ ၂ မျိုးရှိတယ်။

တချို့ကို Liver transplant surgery အသည်းအစားထိုးနည်း လုပ်ရတယ်။

တချို့ကို Radiation therapy ဓါတ်ကင်နည်းလုပ်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး