Nayphidaw နေပြည်ဒေါ်

နိုင်ငံတော်ကို ဘယ်လိုအသံထွက်ပါသလဲခင်ဗျာ တချက်လောက် ပြောပြပေးပါလား။

ဘယ်လိုသဘောနဲ့ မေးသလဲ မသိပါ။ လူတိုင်း ရေးတတ် အသံထွက်တတ်ကြတယ် ထင်ပါတယ်။

နိုင်ဂံတော်လို့ထွက်တာကြားဖူးလို့ပါ ဆရာခင်ဗျာ။

နိုင်ဂံဒေါ် လို့လည်း ထွက်ကြတယ်။ အဲတာမျိုးကသာ ရေးတော့အမှန် ဖတ်တော့အသံထုံးနဲ့ ညီတယ်။

တစ်ခါတစ်ရံလို့ရေးတာကို တစ်တစ်ခွခွထွက်ရပါမယ်။ တခါတရံ ထွက်ခိုင်းတာ ထုံးနဲ့ မညီပါ။ ခေါင်းကိုက်ကို ဂေါင်းကိုက် သံထွက်တာ ထုံးနဲ့ညီတယ်။

နေပြည်တော်ကို အင်္ဂလိပ်လိုရေးတဲ့အခါ Taw လား၊ Daw လား။ နဝတ စစ်အစိုးရတက်မှ ပြင်ခိုင်းထားတဲ့ စာလုံးပေါင်းမူနဲ့ ဆိုရင် Nayphidaw ကသာမှန်စရာရှိတယ်။ အခု ၂ မျိုးလုံးရေးနေကြတာတွေ့တယ်။


နိုင်ငံတော်ကို အင်္ဂလိပ်လို ဘယ်လိုရေးမိန့်ပေးထားသလဲ မသိပါ။

ပညာမှာပါ အမိန့်ပေးတာနာခံစေလုပ်ထားတဲ့ခေတ်မှာ ဘာသာရပ်အားလုံး ဖွံဖြိုးစည်ပင်မှု တန့်သွားရတယ်။ အလွဲရော အမှားတွေပါ အမှန်ထင်ကုန်ကြတယ်။ ကျောင်းတွေမှာရော ရုံတွေမှာပါ။ ပညာကို ပညာနဲ့ ဆွေးနွေးငြင်းခုန်တဲ့ ကောင်းတဲ့ အလေ့အထ နည်းသွားရတော့တယ်။

နေပြည် မတော်ပါတကား။

ဒေါက်တာတင့်ဆွေ
၂၅-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး