ဘို နှင့် ဗိုလ်

ဗိုလ်လို့ပေါင်းတာ မှားလားဆရာ ငယ်ငယ်က ဒီလိုပဲသင်ခံခဲ့ရတော့

ဘယ်နေရာမှာ သုံးသလဲအရ ဗိုလ် နဲ့ ဘို မတူကြပါ။

၁။ ပတ်တီး စီးထားရင်သက်သာပေမဲ့ ခြေဖဝါးနဲ့အဆစ်တွေရောင်လာတယ်။ ဘိုလုပ်ရင် အဆင်ပြေနိင်မလဲ ပြောပြပေးပါရှင်။

စာရိုက်လွဲတာတော့ မဟုတ်နိုင်။ ဘယ်လိုလုပ်ရင်ကို မသိသူဖြစ်မယ်။ ဗိုလ်ကျောင်းထွက်လား ဘိုကျောင်းထွက်လား မပြောတတ်။ ရွှေဘိုသူတော့ မဟုတ်လောက်။

၂။ သွေးဆေးသောက်တာ ၃ ပတ်လောက်သွေးဆင်းနေတယ် ဘိုလုပ်ရမလဲဆရာ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျ

ဖြစ်တဲ့သူ အသက်-ကျား-မ မသိပါ။ ဘာဖြစ်နေသလဲ မသိပါ။ ဘိုလိုရော ဗမာလိုပါ ပြန်ဖြေလို့မရပါ။ ဆောရီး။

ဘို
ကဘိုကရို
မုဆိုးဘို
ရွှေဘိုမြို့

ဗိုလ်
စစ်ဗိုလ်
ဗိုလ်ချုပ်ကျောက်တိုင်
ဗိုလ်စားပဲ
ဗိုလ်တဲ
ဗိုလ်ရှုခံ
ဗိုလ်ခြေ
ဗိုလ်ခြောက်ပါး
ဗိုလ်ကိတ်ပဲ
ဗိုလ်ချုပ်
ဗိုလ်စွဲ
ဗိုလ်ဆံတောက်
ဗိုလ်တဲ
ဗိုလ်ပုံပရိသတ်
ဗိုလ်ပါ
ဗိုလ်ကေ
ဗိုလ်ခြေ
လမ်းဗိုလ်

စစ်တပ်အရာရှိတိုင်းရဲ့ရာထူးမှာ ဗိုလ်ပါတယ်။ လူအမည်တွေမှာ ကိုယ်ကြိုက်တာ ရွေးလေ့ရှိတယ်။ ပြည်ပထွက်တဲ့ အမတ်တွေထဲမှာ ဗိုလ် လည်းရှိ ဘိုလည်းရှိတယ်။ ကလောင်အမည် ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)၊ ဗိုလ်သ္ခင်ဆရာ ရှိတယ်။ ရုပ်ရှင်ဇာတ်ကာ ဗိုလ်အောင်ဒင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး