သားအမိ
လူကလေးရယ်တဲ့
ရွှေသွေးကို အမေခင်သတဲ့
အမေလျှင် သူ့ရင်ဖွားကိုဖြင့်
ရွှေပါးမှာ သာယာစွာပါ့
ဘယ်ညာ လှယ်ကာ မွှေးလေတော့
လူကလေး ညိုတိုတိုက
ရယ်မလို မျက်နှာပန်းရယ်နဲ့
ချမ်းမြေ့တဲ့ လက္ခဏာ။
မြေရပ်ဖွားပေမဲ့
သည်သား သည်အမေတို့
သည်အနေ သည်ခါတွင်း
သစ်ဆင်း မင်္ဂလာပါ့
အမြင်မှာ မြေအသွေးပေမယ့်
အလင်္ကာ ကဝေတေးလိုပါ့
လေသွေးရာ သူပြုစားပေလိမ့်
သားနှင့်မာတာ။
သည်မိကလေးမှာဖြင့်
ရွှေသွေးကို အသာချီ၍
တာတီတီ နှုတ်ချိုပျားရယ်က
ရွှေဖား ရွှေဝံဘိုငဲ့ပြင်
ကြောင်အိုအို ခိုကိုဖမ်းမယ်နဲ့
စခန်း ဟိုတောင်ခြေတဲ့
သည်အမေ သည်အတွေးမှာဖြင့်
အေးရှာလိမ့် ဘဝင်မှာ
မြေရွာက လူတွေလား။
အဆင်လှပါဘိ
သည်သာ့ သည်အမေတို့
သည်မြေမှာ သည်လိုတင့်လေတော့
တပင့် တညှာတံမှ
ဖြာရံကာ ပျိုလို့လန်းကြတဲ့
အပြာလျှံ စိုတဲ့ပန်းဆီသို့
ဇော်ဖေမှာ မျှော်တွေလို့ လွမ်းမိရဲ့
ဆန်းပါဘိတကား။
ဆရာဇော်ဂျီ ၁၉၃၄ မတ်လထုတ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းမှာရေးတဲ့ကဗျာ။ ကဗျာကို ပြန်တင်သူတွေတချို့ တပင့် တညှာတံမှ သတ်ပုံကို ပြင်ထားကြတာတွေ့တယ်။ မလုပ်ကောင်း မလုပ်အပ်ပါ။
ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၁၉
ရွှေသွေးကို အမေခင်သတဲ့
အမေလျှင် သူ့ရင်ဖွားကိုဖြင့်
ရွှေပါးမှာ သာယာစွာပါ့
ဘယ်ညာ လှယ်ကာ မွှေးလေတော့
လူကလေး ညိုတိုတိုက
ရယ်မလို မျက်နှာပန်းရယ်နဲ့
ချမ်းမြေ့တဲ့ လက္ခဏာ။
မြေရပ်ဖွားပေမဲ့
သည်သား သည်အမေတို့
သည်အနေ သည်ခါတွင်း
သစ်ဆင်း မင်္ဂလာပါ့
အမြင်မှာ မြေအသွေးပေမယ့်
အလင်္ကာ ကဝေတေးလိုပါ့
လေသွေးရာ သူပြုစားပေလိမ့်
သားနှင့်မာတာ။
သည်မိကလေးမှာဖြင့်
ရွှေသွေးကို အသာချီ၍
တာတီတီ နှုတ်ချိုပျားရယ်က
ရွှေဖား ရွှေဝံဘိုငဲ့ပြင်
ကြောင်အိုအို ခိုကိုဖမ်းမယ်နဲ့
စခန်း ဟိုတောင်ခြေတဲ့
သည်အမေ သည်အတွေးမှာဖြင့်
အေးရှာလိမ့် ဘဝင်မှာ
မြေရွာက လူတွေလား။
အဆင်လှပါဘိ
သည်သာ့ သည်အမေတို့
သည်မြေမှာ သည်လိုတင့်လေတော့
တပင့် တညှာတံမှ
ဖြာရံကာ ပျိုလို့လန်းကြတဲ့
အပြာလျှံ စိုတဲ့ပန်းဆီသို့
ဇော်ဖေမှာ မျှော်တွေလို့ လွမ်းမိရဲ့
ဆန်းပါဘိတကား။
ဆရာဇော်ဂျီ ၁၉၃၄ မတ်လထုတ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းမှာရေးတဲ့ကဗျာ။ ကဗျာကို ပြန်တင်သူတွေတချို့ တပင့် တညှာတံမှ သတ်ပုံကို ပြင်ထားကြတာတွေ့တယ်။ မလုပ်ကောင်း မလုပ်အပ်ပါ။
ဒေါက်တာတင့်ဆွေ
၂၆-၈-၂၀၁၉
Comments
Post a Comment