လမင်း မေမေ

သံသရာ တကွေ့
ပြန်ကာ တွေ့ရင်ဖြင့်
အမေ့ကို ဖူးမဝ
ဦးချပြီး ကန်တော့မယ်။

နိဗ္ဗာန်ဝင် နောက်ဆုံးတံခါးအထိ
အမေ့အနားမှာပဲ
တဖဝါးမကွာ နေချင်တယ်။

ခွင့်လွှတ်တော့ အမေရယ်
ဝေးနယ်က မေ့သား။

အမေ့မျက်နှာ ဖိုးလမင်း
သားရင်မှာ ထာဝစဉ်လင်းပေလိမ့်
အားတင်းကာ မေတ္တာအငွေ့နဲ့
မွေးမေ့ဘုရား။

ဆရာတင်မိုး ဘော်စတွန်မှာ ရောက်နေစဉ် ၃၁-၈-၂၀၀၁ နေ့က ရေးခဲ့တဲ့ကဗျာ

သံသရာ (တစ်) ကွေ့ မဟုတ်။ (တစ်) ဖဝါးမကွာ မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၉
ပုံ ကိုခင်မောင်လေး ကျေးဇူး။

အိပ်ပါတော့မည်

အိပ်ပါတော့မည်
ည ၂ နာရီ
ဆရာတင်မိုးရဲ့ လမင်းမေမေ တင်လိုက်သည်။

ဌာနီကို စိတ်ရောက်သွား
မြန်မာစာသတ်ပုံမှန်ကို အားထား
ဝေးနယ်က မေ့သား။

ဒေါက်တာတင့်ဆွေ
၂၈-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး