စကားတလုံး၏ ဖြစ်စဉ်

ဇာတ်တူသားကိုစား၍ ဟင်္သာကိုးသောင်းပျက်ရသည် ဟူသောစကားကို ယခုအခါ ကျွန်ုပ်တို့သည် အလွယ်တကူ ကောက်ကာငင်ကာ ပြောဆိုနေကြပြီ။ ရေးသားနေကြပြီ။ ဇာတ်တူသားဆိုသော သဒ္ဒါသုံးခုသည် ဝေါဟာရတလုံးပိုဒ်တခု ဖြစ်နေပြီ။ သူ့ကို အဘိဓာန်တွင် စကားတလုံးအနေဖြင့် ထည့်သွင်း အနက်ဖေါ်ထားသည်ကို နှောင်းခေတ်ထုတ် ယုဒသန်၏ မြန်မာအင်္ဂလိပ် အဘိဓာန်များတွင် တွေ့နေရလေပြီ။ သို့သော်လည်း သူ့၏ဘဝဖြစ်စဉ်ကား ရွေ့ရှား ပြောင်းလဲမှုတို့နှင့် ပြည့်စုံခဲ့သည်။

မိုးဦးကာလ မိုးရွာသောအခါ ဖားသတ္တဝါများ မြူးတူးပျော်ပါးကြသည်။ အတန်ကြာလျှင် ဖားမသည် ဖားဥတို့ကို ဥသည်။ ဖိုဖားဥတို့မှာ ဖားတပိုင်းငါးတပိုင်းခေါ် ဖားလောင်းကလေးများ ပေါက်လာကြသည်။ ထိုဖားလောင်းကလေးများသည် နေပူမှု၊ ရေခန်းမှု၊ ရေစီးထဲမျောပါမှုစသော အန္တရာယ်တို့နှင့် ကြုံကြိုက်ရသဖြင့် များစွာပျက်စီးကြရသည်။ အနည်းငယ်သာလျှင် ဖားသူငယ်ဘဝသို့ ရောက်ကြရသည်။ ထို့ကြောင့်လည်း ကံကောင်းမှ ဖားလောင်း ဖားဖြစ်မည် ဆိုသော စကားပုံ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ ဤဖားသတ္တဝါ၏ ဘဝဖြစ်စဉ်သည် အချို့သော ဝေါဟာရစကားလုံးတို့၏ ဘဝဖြစ်စဉ်နှင့် အလွန်တူလေသည်။ ဇာတ်တူသားဆိုသော ဝေါဟာရစကားလုံး၏ ဖြစ်စဉ်သည် ဤဖားသတ္တဝါ၏ ဖြစ်စဉ်နှင့် အထူးတူသည်ဟု ထင်မှတ်မိသည်။

ဆရာမင်းသုဝဏ်ရေးခဲ့တဲ့ မြန်မာစာမြန်မာမှုစာအုပ်ထဲက သတ်ပုံအတိုင်း ရေးထားပါတယ်။ စကားတစ်လုံး မဟုတ်ပါ။ ဝေါဟာရတစ်လုံးပိုဒ်တစ်ခု မဟုတ်ပါ။ ဖားတစ်ပိုင်းငါးတစ်ပိုင်း ရွေ့ရှားလို့ရေးပါတယ်။ မြန်မာစာလည်း ဇာတ်တူသားကို စားလို့ ဟင်္သာကိုးသောင်းလို မပျက်စီးစေချင်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ