မြန်မာစာနှင်းဆီ

ညနေစောင်း ကျောင်းကပြန်လာ၊ ခဏတာနားပြီး နှင်းဆီရုံကြားက မြက်တွေနှုတ်ပါတယ်။ မှောင်လာတဲ့ခါ ကွန်ပြူတာဆီ ပြန်ရောက်၊ အထက်အောက် လျှောက်ဖတ်တယ်။

၁။ ပါးစပ် တပေါက်ဆိုတာ တရားစောင့်နိုင်မှ တော်ကာကျ

၂။ တမူးကတူမ မလှိုင်အိမ်မှာ တထောက်နား။

၃။ တနေရာကျတာ့ စစ်လို့ရမယ် နောက်၎ ရက်မှ အဖြေရမယ်တဲ့ အော် မန်းလေးရယ်

၎။ ကျမဖုန်းမှာ တပတ်အတွင်း

၅။ အလှူတခုဖြစ်ဖို့

၆။ မွေးနေ့ရောက်ဖို့က တနှစ်လောက်လိုပါသေးတယ်၊

၇။ မိုးရွာပြီး မိုးတိတ်သွားတာနဲ့ တပြိုင်နက် ကောင်းကင်ကြီးတခုလုံး ကြည်လင်အေးချမ်းသွားတယ်

၈။ ရေဘေးသင့်ပြည်သူများအတွက် တသိန်းကျပ် လှုဒါန်းထားပါတယ်ခင်ဗျာ။

၉။ ဥပဒေတခုတိုးရင် ငွေရပေါက်တခုတိုးတဲ့ဌာနရှိတယ်

၁၀။ ယုတ်စွအဆုံး အပြုံးလေးတပွင့် စကားလေးတခွန်းပဲဖြစ်ဖြစ် ပေးပါ။

ကောက်ချက်ချမိတယ်။ စသတ်တွေ မြက်နှုတ်သလို နှုတ်ခံနေရပြီပဲ။ မြန်မာစာနှင်းဆီတွေ လှိုင်လှိုင်ပွင့်ပါစေသတည်း။

သတ်ပုံမှန်နဲ့ ပို့စ်တင်သူတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး