Discoloration of Teeth သွားဝါခြင်း

ဆရာမင်္ဂလာပါ ဓူဝံကပါရှင့် မေးခွန်းလေး နည်းနည်းမေးချင်လို့ အဆင်ပြေနိုင်မလားရှင်

ဟုတ် မေးနည်းပို့လိုက်တယ်။ ဓူဝံဆိုတာ ဘာလဲ မသိပါ။

Duwun media ပါဆရာ

ဟုတ်။

သွားတွေ ဘာ့ကြောင့် ဝါတာလဲ နဲ့ သွားမဝါအောင် ဘာတွေ ဂရုစိုက်ဆင်ခြင်ရမလဲဆိုတာကို မေးချင်တာပါ
ယေဘုယျလား လူနာတယောက်အတွက်လား ယေဘုယျပါဆရာ ဆောင်းပါးထဲမှာ professional တယောက်ရဲ့ ပြောစကား ထည့်ရမှာမို့ပါ ဒေါက်တာတင့်ဆွေကတော့ သွားတွေဝါရတဲ့အကြောင်းရင်းကို ခုလိုပြောပြပါတယ်ဆိုပြီး ဆရာ့စကားကိုထည့်မှာပါ အဆင်ပြေနိုင်မလား ဆရာ

ကော်ဖီ၊ ဆိုဒါ ခေါ် ကိုကာကိုလာ၊ ပက်ပ်စီ၊ အရောင်ပါဖျော်ရည်၊ ဝိုင်တွေသောက်ရင် သွားကို အရောင်ဖြစ်စေတယ်။ သောက်စရာထဲကဓါတ်နဲ့ သွားအပ်ါဖုံးကြွေလွှာရောပြီး အဝါရောင် ခပ်ညိုညိုရောင်ဖြစ်စေတယ်။ ကြာကြာသောက်သူတွေ ပိုဆိုးတယ်။

ဆေးလိပ်သောက်ခြင်းကလည်း အကြောင်းခံကြီးတခုဖြစ်တယ်။ နီကိုတင်းကြောင့်။

သုတေသနတွေလုပ်တဲ့ တိုးတက်တဲ့တိုင်းပြည်တွေမှာမရှိတဲ့ ကွမ်းစားခြင်းကြောင့်လည်း သွားတွေ ညိုတာ မည်းတာ ဖြစ်စေတယ်။ တိုဘက်ကို ခေါ် ခိုင်နီး ခေါ် ဆေးငုံခြင်းကလည်းဖြစ်တယ်။

ဖြစ်တဲ့သူတွေ သွားဆရာဝန်ပြသင့်။ သွားသန့်ရှင်းရေးလုပ်ပေးပါမယ်။ ထပ်သောက် ထပ်သုံးစွဲသူတွေ ထပ်သန့်ရှင်းရ။ သိပ်ကြာနေသူတွေ ပျောက်ဖို့ ခဲယင်းကြတယ်။ ဆောရီး။

တချို့ဆေးတွေ ဥပမာ တက်ထရာဆိုက်ကလင်း ကနေ သွားတွေကို ရာသက်ပန်အရောင်ဖြစ်စေနိုင်တယ်။ အသက် ၁၄ နှစ်အောက် ဆေးမပေးရ။

သွားတချောင်းတည်းသာဖြစ်ရင် အဲဒီသွားမှာ ရောဂါရှိ မရှိ စစ်ဆေးရပါမယ်။

Oral hygiene ခံတွင်းသန့်ရှင်းရေး https://doctortintswe.blogspot.com/2017/08/oral-hygiene.html

Oral hygiene kids ကလေးခံတွင်းသန့်ရှင်းရေး https://doctortintswe.blogspot.com/2016/08/oral-hygiene.html

သွားဆရာဝန်တွေက ပိုပြောနိုင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၉-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး