Hard Neck လည်ပင်းမာ သို့မဟုတ် မပျော့သောလည်ပင်း

မင်္ဂလာပါ ဆရာ သမီးမေးစရာရှိလို့ပါ ဆရာ လည်ပင်းမာ အကျိတ် ထွက်လာလို့ပါ ဘယ်ဘက် အလည်မာ အကျိတ် ထွက်လာတာပါ နာလဲနာတယ် ဆရာ ဘာဖြစ်တာလဲ ပြောပြပေးပါ ဆရာ အရမ်းစိတ်ပူနေလို့ပါ သမီးအသက်က ၂၅နှစ်ဆရာ အကျိတ်ကို ဒီနေ့မှစစမ်းမိတာပါဆရာ

အသက်ကိုအရင်မရေးလို့ ၂ ခါထပ်ဖတ်ရတယ်။ အမျိုးသမီးဖြစ်လို့ ရာသီနဲ့ အိမ်ထောင်ရေးပါ သိဘို့လိုသေးတယ်။

လည်ပင်းမာ ဆိုတာ မာသော မပျော့သောလည်ပင်း။ မှာလို့သာ ရေးရတယ်။ အလယ်လို့ရေးတာက မှန်တယ်။

လည်ပင်းဆိုတာ နေရာအမျိုးမျိုး။ တက်စေ့ရောင်တာလား၊ လည်ပင်းကြီးရောဂါနဲ့ ဆိုင်သလား စဉ်းစားရတယ်။

Neck Glands လည်ပင်း အကျိတ် https://doctortintswe.blogspot.com/2016/12/neck-glands.html
Thyroid Disorders လည်ပင်းကြီးရောဂါတွေ https://doctortintswe.blogspot.com/2015/01/thyroid-disorders.html
မာ နှင့် မှာ သို့မဟုတ် မာသောအရိုး မာသောအိမ် မာသောရန်ကုန် https://doctortintswe.blogspot.com/2019/01/blog-post_82.html

မှာ ကို မာ လို့ မှားရေးနည်းကို အတုခိုးရေးကြတာ တနှစ်လောက်သာရှိသေးတယ်။ ကူးစက်ရောဂါဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး