OCD စိတ်ရောဂါ

Obsessive compulsive disorder ဆိုတာ တစုံတရာကို စိတ်စွဲလမ်းနေပြီး အဲတာနဲ့ဆိုင်တာကိုလိုက်လုပ်နေတာမျိုး။ မလိုလားအပ်တာ မသင့်မှန်တာကို စွဲထင်နေတာဖြစ်တယ်။ အဲတာအတွက် စိုးရိမ်ပူပန်နေတာ။ မသတီဖြစ်နေတာ။ မကြိုက်တာ။

အဲဒီအခြေအနေက သူ့စိတ်ထဲမှာ ထပ်ခါထပ်ခါဖြစ်နေတယ်။ အဲတာကို လွန်ဆန်ကျော်လွှားဘို့လည်း ကြိုးစာနေမယ်။ သူ့အိမ်ကို လူဆိုးသူခိုးဝင်လာမှာကို စိုးရိမ်နေလို့ အိမ်ကို လုံခြုံနေအောင် အသေးစိတ် သတိထားပြီး လုပ်ဆောင်နေမယ်။ နောက်ဥပမာတခုက ရောဂါဝင်မှာစိုးရိမ်ပြီး လက်ကို ခဏခဏဆေးနေမယ်။

လူ ၁၀၀၀ မှ ၁၂ ယောက်လောက် အဲလိုဖြစ်တယ်။ ယောက်ျား မိန်းမ ဖြစ်တယ်။ အရွယ်မရွေးပေမဲ့ ငယ်ရွယ်စဉ်ဖြစ်တာ ပိုများတယ်။

အဲလိုထင်မြင် ခံစားစွဲမှတ်နေတာကို စိတ်အထူးကုဆရာဝန်ဆီ မရောက်ကြပါ။ ပြောပြရမှာ ရှက်လို့။

မိသားစုလိုက်တာရှိတယ်။ ဦးနှောက်ကို စစ်ကြည့်ရင် မတူတာတွေ့နိုင်တယ်။ Serotonin နည်းနေမယ်။

cognitive behavioural therapy (CBT) ကုသနည်းနဲ့ selective serotonin reuptake inhibitors (SSRIs) ဆေးပေးနည်းနဲ့ သက်သာပျောက်ကင်းစေနိုင်တယ်။ အရွယ်ပြောင်းတာ ပတ်ဝန်းကျင်ပြောင်းတာနဲ့ ဆေးမပါပဲ အလိုလို ကောင်းသွားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၁၆-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး