ကျီး သာလိကာ နှင့် ကြက်တူရွေး


ဆရာမေးပါရစေခင်ဗျ အစက ကျေးတို့ သာလီကာ တို့က အတူပဲ မှတ်နေတာပါ အခု မဟော်ကျေးစေခဏ်း နားထောင်ကြည့် ကျေးသား နဲ့ သာလီကာ မျိုးမတူ ဇာတ်ခြားလို့ ပါလာပါတယ်ဆရာ နောက်တခုက သာပါလိမ့်မယ် ရွှေကျီးညိုသီချင်းထဲက ကျေးနဲ့ ကျီးကန်းလို့ ခေါ်တဲ့ ကျေးက အတူပါပဲလားဆရာခင်ဗျ ကျေးနဲ့ ကျီးကန်း ကြက်တူရွေးနဲ့ သာလီကာ သေချာကို မခွဲတက်သေးပါဆရာခင်ဗျ ဖြစ်နိုင်ရင်ပြောပြပေးပါဆရာ နောက်ပြီး ဟိုတုန်းက အသုံးပြုခဲ့ ဆက်သွယ်ရေးအတွက် သုံးခဲ့ကြတဲ့ ကျေးစေ ငှက်ဟာ ဘယ်လို အရောင်ပါလဲဆရာ ကျီးကန်းလို အညိုရောင်ပါပဲလား အစက အစိမ်းရောင် မှတ်နေတာပါ နောက်မှ ရွှေကျေးညိုဆိုပြီး ပေါ်လာပြန်တော့ နားပြန်ရှုပ်ပါတယ် ဒီတော့ ကျီး (ကျေး)၊ ကျီးကန်း၊ ကြက်တူရွေး၊ သာလီကာကို ရှင်းပြပေးပါဆရာခင်ဗျ မဟော်ကျေးစေမှာ စကားပြောတယ် ပါပါတယ်ဆရာ ကျေးဟာ စကားပြောတက်ပါသလား ခင်ဗျ ကျနော်ကြားဖူးတာ စကားပြောတာ ကြက်တူရွေးလိုလိုလ သာလိကာ လိုလိုပါ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲတို့ စကားပြောတဲ့ သာလိကာ စကားတက်ရွှေကျေး စတာတွေကြောင့် နားလည်မှုလဲ ပိုရှုပ်နေတာပါ ဆရာခင်ဗျ။

အချိန်ရှာဦးမယ်။ အခုတော့ နေမကောင်းလို့ မေးတာတွေကို ဖြေနေရလို့။

သာလိကာ
သာလိကာငှက်ကို သာရကာလို့လည်းခေါ်တယ်။ လူတွေပြောတဲ့စကားကို လိုက်ပြောတတ်တယ်။ ပါဏဗေဒလို စတာနီဒီးမျိုးရင်းပါ ဂရက်ကူးလား ရီလီဂျီအိုစား အင်တာာမီးဒီယား လို့ ခေါ်ပါသတဲ့။ အလျား ၁၀ လက်မရှိတယ်။ တကိုယ်လုံး မည်းနေပြီး တောင်ပံမှာ အဖြူမှတ်ရှိတယ်။

ကြက်တူရွေး
နှုတ်သီးက ပေါက်ပွင့်လို နီရဲနေတယ်။ အမွေးအတောင်တွေကလည်း ပေါက်ရွက်လို စိမ်းနေတယ်။ အမျိုးကွဲတွေလည်း များတယ်။ ပါဧဗေဒလို ၇ မျိုးရှိပါသတဲ့။ ကြက်တော၊ ကျေးကျုတ်၊ ကျေးတမာ၊ ကျေးကုလား၊ ကျေးကုလားမ၊ ကျေးသန္တာ၊ မလေးကြက်တူရွေး။

ဝေါစာရလိနတ္ထဒီပနီအလိုအရ ဖေါင်းကား၊ တမာ၊ ကျေးသန္တာ၊ ကျေးဝါ၊ ကျေးချုတ်၊ ကြက်တော၊ ကုလား၊ ကျေးပုဏ္ဏားလို့ ၈ မျိုး။

ကျီး
ပါဏဗေဒအလိုအရ ကျီးဟာ ကော်ဗီဒီမျိုးရင်းမှာပါတယ်။ အလျား ၁၈-၂၀-၂၂ လက်မခန့်ရှိတယ်။ အမွေးအတောင်တွေ နက်တယ်။ အာလို့သာ အော်တတ်တယ်။ တောကျီးနဲ့ မြို့ကျီးနည်းနည်းကွဲတယ်။

ကျီးကို ဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ။
နတ်ကရာ ကျီးမော။
ကျီးနှင့် ခင်ပုပ်တို့က ကမ္ဘာရန် (တိကနိပါတ် ဥလူကဇာတ်)။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂၀၁၉

စာဖတ်နည်း

အခုပဲ ကျီး သာလိကာ နှင့် ကြက်တူရွေး ရေးတယ်။ ကျန်းမာရေးမဟုတ်တဲ့ ဟိုမေးသည်မေး မေးတာတွေဖြေရတယ်။

အကုန်သိ တတ်တယ်တော့ မထင်စေလိုပါ။ ဖတ်ပြီး ဖြေတာ။

ဖတ်တဲ့အခါ ဘယ်ကစာတွေ ဖတ်ရမလဲ သိရမယ်။ ခွဲစိတ်ဆရာဝန်ကောင်းမည်သည် ခွဲနည်းလည်းသိရတယ်။ မခွဲရတဲ့ရောဂါလည်း သိရတယ်။

စာဖတ်ရာမှာလည်း မဖတ်အပ်တာကိုပါ သိရပါမယ်။ အဲတာက ဆတူခက်တယ်။ မဟုတ်ကဟုတ်ကတွေ ဖတ်ပြီး လာမေးတာတွေကို မဖြေပါ။ ဆိုရှယ်မီဒီယာမှာ အဲလိုဟာတွေက များတယ်။ ဘိုလိုရေးတာတွေလည်း ရွေးတတ်ရမယ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ