မုခ် နှင် မုတ်

မက်ဆေ့ခ်ျတခုရတယ်။ တော်တော်ဆိုးနေပြီဆရာ သက်ဆိုင်ရာကပါ တလွဲတွေလုပ်နေတယ် Eng မမှန် မြန်မာမှား တဲ့။

ဟုတ်။ South Moke တောင်ဘက်မုဒ်လို့ရေးထားတာနဲ့ လမ်း ၃၀ လို့ရေးထားတာတွေကို ပြောတာဖြစ်ပါတယ်။ တွေ့တယ်။ တောင်ဘက်မုဒ်အောက်မှာ တယောက်က ကွန်မင့်ရေးတာ နည်းနည်းရိုင်းတယ်။ အင်္ဂလိပ်စာအသုံးနဲ့ မြန်မာသတ်ပုံ သတိထားရတဲ့စာလုံးတွေဖြစ်ပါတယ်။ မုဒ် သတ်ပုံမှားနေတယ်။ ပင်လယ်သမုဒ္ဒရာ၊ သမုဒ္ဒဇာမင်းသမီး။

လမ်းကို အင်္ဂလိပ်လိုရေးတာတွေက အတော်ကို များတယ်။ Road, Artery, avenue, boulevard, course, drive, expressway, highway, lane, line, pathway, pavement, roadway, route, street, subway, thoroughfare, track, trail, way စသဖြင့်။ ဂျီပီအက်စ် ခေါ် ဂြိုဟ်တုလမ်းပြစံနစ်သုံးတဲ့အခါ စာလုံးလွဲရင် လမ်းလွဲမယ်။ တိုင်းပြည်တိုင်းမှာ စံသတ်မှတ်ချက်ထားရတယ်။

Moke ဆိုတာ မန္တလေး မဟာမုနိဘုရားကြီးကိုပြောတာလား မသိပါ။ မှားနေတယ်။ ဘုရားကြီးမှာ မုခ်လေးခုရှိတယ်။ အထင်ရှားဆုံးက တောက်ဘက်မုခ်။

မုတ်
မုတ်ခါး (တိုင်းရင်းဆေး)
မုတ်ဆိတ်
မုတ္တရောဂါ (ဟိုက်ဒရိုဆီးလ်)
မုတ်ပုတီး
မုတ်သုံလေ
မုတ်ကွန်းဆောင်ပျံ
ခေါ်ဝေါ်သမုတ်
သိမ်သမုတ်
နန်းစံမုတ်
တမုတ်ကြိုးသီ
တမုတ်ဆိုးသည်
မုတ္တမမြို့
ဂေါ်မုတ်
နွားမုတ်
မတော်မမှန်သမုတ်သည်
ကျားမုတ်ဆိတ်ပင်
ဝဇီမုတ်
စမုတ်
ဝိမုတ်
နန်းစမုတ် (ညီလာခံဆောင်)
ဂေါ်မုတ်ကျောက်
မုတ်ကောင်
မုတ်ပုတီး
မုတ်ခွံ
မုတ်တိုင် (ရက်ကန်း)

မုခ်
အဋ္ဌမုခ်အင်း (ရာဇဂြိုဟ် မပါသောအင်း)
ဗလဝါမုခ်ဝဲ
ဧကမုခ်အုန်း
မုခ်ခုံး

အဆောက်အအုံတွေမှာ ဆန်းကြယ်လှပ ခန့်ညားအောင် တည်ဆောက်ထားတာကို Arc မုခ်ခုံးလို့ ခေါ်တယ်။ ပဲရစ်မြို့မှာရှိတဲ့ Arc de Triomphe (Triumphal Arch of the Star) က ထင်ရှားတယ်။ ခရစ်ယန် ဘုရားကျောင်းတွေမှာလည်းရှိတယ်။ St Joan of Arc ကအလွန်ထင်ရှားတယ်။

Arcade ကတော့ အမိုးခုံးစင်္ကြံလို့ ခေါ်တယ်။ မန္တလေး မဟာမုနိဘုရားကြီးရဲ့ အရှေ့၊ အနောက်၊ တောင်နဲ့ မြောက် မုခ်ဦးတွေကနေ အထဲဝင်သွားရင် ဈေးရောင်းတဲ့နေရာတွေရှိတယ်။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး