တိရစ္ဆာန်တွေက ဖြဲမခြောက်ပါ လူတွေကသာ

အသက် ၄၀ (ကျား) Omega3 ငါးကြီးဆီ တနေ့တလုံး သောက်နေပါတယ်ဆရာ ငါးကြီးဆီက ကင်ဆာဖြစ်စေတယ် ပြောနေလို့ပါဆရာ ငါးကြီးဆီနဲ့ ပတ်သက်ပြီး အကောင်းအဆိုး သိချင်ပါတယ်ဆရာ (ဒီစာက facebook မှာဖတ်မိတဲ့ စာပါ ဆရာ)

(စ) အမှန်အတိုင်းပြောရရင်တော့ လူတိုင်းလန့်ကုန်လိမ့်မယ်။ ကမ္ဘာမှာ အန္တရာယ်အကြီးဆုံးဆီက ငါးကြီးဆီ (Omega3) ပါပဲ။ ငါးကြီးဆီ (Omega3) ဆိုတာ (Oxidize) ဖြစ်ဖို့ ပြည့်ဝဆီထက် အဆ (၃၀) ပို့ပြီးလွယ်ကူပါတယ်။ (အဆုံးထိ မထည့်တော့ပါ၊) စာရိုက်တာမှာ စပေ့စ် ခေါ် ခြာမရိုက်လို့ ပြင်ထားရတယ်။

September 29, 2017 နေ့ကထွက်တဲ့ ဆေးသုတေသနကို ကိုးကား ရေးပါမယ်။
Fish Oil and Cancer https://www.cancertherapyadvisor.com/home/tools/fact-sheets/fish-oil-and-cancer/

Fish oil ငါးကြီးဆီ ဖြည့်စွက်စာဆေးကို အမေရိကမှာ လူကြီး ၇့၈% နဲ့ ကလေး ၁့၁% တို့က သုံးနေကြတယ်။ လူပေါင်း ၆၈၉၅၄ ယောက်ကို လေ့လာမှု ၁၉ ခုလုပ်တယ်။ ၆ လကြာတယ်။ omega-3 fatty acid အိုမီဂါသရီးအပါအဝင် ဖြည့်စွက်စာတွေစားသုံးသူတွေမှာ ကင်ဆာဖြစ်နှုန်း ထူးပြီးများတာ မတွေ့ရှိရ။

နောက်လေ့လာမှုတွေမှာ ငါးကြီးဆီသုံးနေသူတွေဟာ ကင်ဆာကုသမှုခံယူနေစဉ် အလားအလာပိုကောင်းတာ တွေ့ရှိရ။

မှတ်ချက်ပေးပါရစေ။ ဖြည့်စွက်စာ လိုတဲ့သူတွေ သင့်တယ်။ မလိုပဲ မသောက်သင့်။ ဆေးပညာပေးစာတွေရေးရင် ခိုင်မာတဲ့ လေ့လာမှုသုတေသနကိုသာ ကိုးကားသင့်တယ်။ ပညာပေးစာတိုင်းဟာ ဖတ်ရသူတွေကို ခြောက်မရေးသင့်။ ဆွဲဆောင်မရေးသင့်။ လိမ်ရာကျတယ်။

Cod liver oil ငါးကြီးဆီ https://doctortintswe.blogspot.com/2014/11/cod-liver-oil.html

အဆိုစကားတခုရှိတယ်။ တိရစ္ဆာန်တွေက ဖြဲမခြောက်ပါ လူတွေကသာ တဲ့။

ဒေါက်တာတင့်ဆွေ
၂ဝ-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး