Lost in the Forest တခါမှမရောက်ဖူးသေးတဲ့တောကြီးထဲ သွားရခြင်း

ကနေ့မနက် မေးခွန်းတွေကိုဖတ်ပြီး ရေးချင်လာတယ်။

မေးခွန်းတခုမှာ ရှိပါပြီလို့ရေးတာ မှန်တယ်။ အဲတာကို မှန်အောင်ရေးတတ်သူ နည်းတယ်။ ပါပီလို့သာရေးနေကြတယ်။ သူတို့က ခွေးကလေးတွေမွေးထားသလား စဉ်းစားရတယ်။

သတ်ပုံကို တမင်တကာ ဖျက်ရေးသူတွေထဲမှာ အများစုဟာ လူမှုရေးနဲ့ အိမ်ထောင်ရေးမှာ လူမသိစေချင်တာတွေ ဖြစ်တတ်ကြတယ်။ သတ်ပုံကို မှန်အောင်မရေးတတ်သူတွေက ၈၀% ကျော်တယ်။ ဆောရီးပါ မြန်မာစာ။

နေမကောင်းသူက ကလေးဆိုရင် အသက်ကို အရင်ဆုံးသိချင်တယ်။ လူကြီးဆိုရင် အထီး အမကို အရင်ဆုံးသိချင်တယ်။ အဲလိုတွေမေးတိုင်း မေးခွန်းကို ၂ ခါထပ်ဖတ်ရတယ်။ အချိန်ပိုတွေ ကုန်စေတယ်။ တခါမှမရောက်ဖူးသေးတဲ့ တောကြီးထဲ မျက်စိမှိတ်သွားလာနေရသလိုပဲ။ အသက် ကျား မ သိရမှ တောကြီးအပြင်ဘက်ထွက်ပြီး လမ်းရှာတွေ့တာနဲ့ တူတယ်။

ဒေါက်တာတင့်ဆွေ
၂၂-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး