အပင်အို

ကနေ့ မြန်မာပြည်ကနေလာနေသူတွေထဲက မိသားတစုရဲ့ ကလေးမွေးနေ့မှာ လူစုံကြတယ်။ ရွှေတောင်ခေါက်ဆွဲ စားကောင်းတယ်။ လူမများခင်း အိပ်ပြင်လျှောက်ကြည့်တယ်။ သစ်ပင်တွေကို သဘောကျတယ်။ သစ်ပင်အိုတွေကို ပိုသဘောကျတယ်။ လေဒဏ် မိုးဒဏ် နှင်းဒဏ်ကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီးပြီ။

ဒီကအပင်အိုကြီးတွေကတော့ ဖုထစ်ရွတ်တွနေကြပေမဲ့ ငှက်ဠင်းတမရှိ။ ခွဆုံအကွေး၊ သစ်ခေါင်းဆွေးလည်း၊ အဖေးတက်လှာ၊ အိုင်းအမာသို့ ကျယ်စွာဟက်ပက် ခြအိမ်ပျက်မရှိ။

လေပြင်းခိုက်လည်း၊ မငိုက်ဦးခေါင်း၊ နွေသစ်လောင်းသော်၊ ရွက်ဟောင်းညှာကြွေ၊ ရွက်သစ်ဝေ၍၊ လေပြေထဲတွင်၊ ငယ်ရုပ်ဆင်သည် အသင် သဘာဝပြယုဂ်ပါတကား။ ။

ဆရာမင်းသုဝဏ်ကို ဦးညွှတ်လျက် -

ဒေါက်တာတင့်ဆွေ
၂၅-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ