Nero နီရိုးဘုရင် နှင့် သီချင်းဆို ငိုရသည်

Singing Soldiers Burnish Myanmar Military’s Image on Global Stage ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ ရေးထားတယ်။ ကမ္ဘာ့အမြင်ပုံရိပ်ကို ပေါလစ်တင်ရေး သီချင်းဆိုနေကြသော မြန်မာစစ်သည်များ။ မြန်မာ့ဆိုင်းဝိုင်းနဲ့ စစ်ဗိုလ်ချုပ်တွေ ပါတဲ့ပုံကို မတင်တော့ပါ။ ပြည်တွင်းမှာတော့ တိုက်ပွဲသတင်းတွေသာ ဖတ်နေရတယ်။

ရှစ်ဆယ့်ရှစ်အရေးအခင်းမှာပေါ်လာတဲ့ ကမ္ဘာမကြေဘူးသီချင်းကို သီဆိုကြသူတွေက မျက်ရည်စတွေနဲ့။ Dust in the wind ကို မြန်မာမှုပြုထားတာ။

ရောမမြို့ကြီး မီးလောင်နေစဉ် တယောထိုးနေတဲ့ နီရိုးဘုရင်ကြီးအကြောင်း လူတိုင်းလိုလိုသိကြတယ်။ နီရိုးဘုရင် Nero Claudius ဟာ အေဒီ ၃၇ ကနေ ၆၈ ထိအသက်ရှင်ခဲ့တယ်။ သူ့အမေက ကလောဒိယပ်စ်ကို သတ်ပြီး သူ့သားကို ဧကရာဇ် ဖြစ်စေခဲ့တယ်။ အတော်ဆိုးတဲ့ဘုရင်။ သူတို့သားအမိလည်း နန်းသက် ၅ နှစ်အကြာမှာ သုတ်သင်ခံရတယ်။

သမိုင်းကို စံနစ်တကျလေ့လာရေးသားတဲ့ ဝဘ်ဆိုက်က ရှင်းထားတယ်။ အေဒီ ၄၆ မှာ ရောမမြို့ကြီး မီးလောင်ခဲ့တယ်။ မြို့ရဲ့ ၇၀% လောင်ခံရတယ်။ နီရိုးဟာ တကယ်ဆိုးတယ်။ သူ့ပြည်သူပြည်သားတွေ ဒုက္ခရောက်နေစဉ်မှာ တယောထိုး မပျက်တာသာမက အရေးပေါ်အခြေအနေကို ကိုယ်တွက်ရာမှာလည်း ညံ့ဖျင်းပါသတဲ့။ ဆိုစကားမှာ တယောကို Fiddle လို့သုံးပါတယ်။ အဲဒီတူရိယာ အေဒီ ၄၆ မှာ မပေါ်သေးပါ။ ဂီတသုတေသန လုပ်သူတွေက တယောက ၁၁ ရာစု ရောက်မှသာ ပေါ်ပါသတဲ့။ နီရိုးသာ တူရိယာတီးခတ်မယ်ဆိုရင် Cithara ခေါ် ပိုလေးလံတဲ့ သစ်သားနဲ့လုပ်တဲ့ ကြိုးတပ် တူရိယာသာ ဖြစ်နိုင်ပါသတဲ့။

သီချင်းဆို ငိုရသည်သီချင်းကို မြတ်လေးရေးသားပြီး ကြည်ကြည်ဌေးက စဆိုပါတယ်။ နောက်မှာ တခြားအဆိုတော်တွေက ဆိုကြတယ်။

မြန်မာပြည်မှာ သီချင်းဆို၍ ငိုရတာ အဖြစ်မှန်။ တယောထိုးမပျက်သူတွေရှိတာလည်း အဖြစ်မှန်။

ဒေါက်တာတင့်ဆွေ
၂၀-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး