Sunday, August 25, 2019

Progyluton ဟော်မုန်းပါဆေး

ဆရာရှင့်။ ရိုသေစွာဖြင့်စာရေးမေးမြန်းလိုက်ပါသည်။ ကျွန်မအသက် ၄၈နှစ်ရှိပါပြီဆရာ။ ရာသီသွေးမပေါ်တော့သည်မှာ ၆လခန့်ကြာခဲ့ပါပြီ။ မီးယပ်သွေးဆုံးလက္ခဏာများကိုလည်းခံစားနေရပါသည်။ အိမ်ထောင်ရှိပါသည်ဆရာ။ အခြား ရောဂါများထွေထွေထူးထူးမရှိပါ။ တခါတရံသာသွေးပေါင်ကျတတ်ပါသည်။ ဆေးဆိုင်မှ ညွန်ကြားသည့် ဆေးများမှာ နှစ်မျိုးဖြစ်ပါသည်။ ဘယ်ဆေးအမျိုးအစားက ပိုသင့်တော်ပါသလည်းဆရာ။

ဆေးတွေမှာ ဟော်မုန်းပါတယ်။ ဘယ်ဟာလို့တော့ မပြောလိုပါ။ ဆေးအကြောင်းစာတွေ ပို့မယ်။

Progyluton ဆေးထဲမှာ Estradiol valerate နဲ့ norgestrel ဆေးတွေပါတယ်။ အဖြူရောင် ၁၁ လုံးထဲမှာ Estradiol valerate 2 mg ပါတယ်။ အနီရောင် ၁၀ လုံးထဲမှာ valerate 2 mg နဲ့ norgestrel 0.5 mg ပါတယ်။ ရာသီမမှန်သူတွေကို ပေးတယ်။

ဘေးထွက်သက်ရောက်မှုတွေ
ဗိုက်အောင့်၊ ရာသီနောက်ကျစေ၊ ရာသီလာစေ၊ ရင်သားတင်း၊ ဝက်ခြံထွက်၊ ပျို့၊ ကိုယ်နည်းနည်းရောင်၊ ကိုယ်အလေးချိန်တိုး၊ စိတ်မူပြောင်း။

ဆေးကို ရာသီစလာတဲ့နေ့ကနေ စသောက်။ ၇ ရက်နား။

သွေးခဲတတ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ ကလေးနို့တိုက်နေသူ၊ ရင်သားအကျိတ်ရှိသူ၊ ဆေးလိပ်သောက်သူ၊ စိတ်ကျရောဂါရှိသူ၊ အသည်းနဲ့ သည်းခြေမကောင်းသူ၊ ဆီးချိုရှိသူ၊ မိုင်ရင်းရောဂါရှိသူတွေ မသသင့်။

Diane 35 ကိုယ်ဝန်တားဆေး https://doctortintswe.blogspot.com/2015/12/diane-35.html
Mood swings during menopause သွေးဆုံးချိန် စိတ်မူပြောင်းခြင်း https://doctortintswe.blogspot.com/2018/12/mood-swings-during-menopause.html
Menopause (1) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁) https://doctortintswe.blogspot.com/2018/08/menopause-1.html
Menopause (2) သွေးမဆုံးခင်နဲ့ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂) https://doctortintswe.blogspot.com/2014/11/menopause-2.html
Healthy Ladies အမျိုးသမီးကြီးတွေ ကျက်သရေရှိကြပါစေ https://doctortintswe.blogspot.com/2016/04/healthy-ladies.html

ဒေါက်တာတင့်ဆွေ
၂၅-၈-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

တဦးလျှင်

မန္တလေး စာအုပ်လမ်း စာပေအလှူ တဦးလျှင် (၁) အုပ်နှုန်း အခမဲ့ရယူနိုင်ပါသည်။ ရွှေချထားဖို့ကောင်းတဲ့ စေတနာ။ စိန်စီထားသင့်တဲ့ သတ်ပုံမှန်လက်ရေးစာ...