ဘယ်သူမှန်သလဲ

ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ ဓမ္မစေတီတော်၊ သုတ်မဟာဝါ ပါဠိတ်ေမြန်မာပြန်အောက်မှာ မေးတယ်။

ဆဌသံဂါယနာတင် ဆဌသဃာယနာတင်လားဆရာ တဲ့။

စာအုပ်ကို ပုံရိုက်ဖြေလိုက်ပါတယ်။

သတ်ပုံတွေ ကမောက်ကမ တလွဲတချော် တယောက်တမျိုးဖြစ်နေတာ ၁၉၈၀ နောက်ကစပါတယ်။ ဘယ်သူမှန်သလဲ။

စာမေးပွဲမှာ အမှတ်ပေးတဲ့ကျောင်းဆရာဆရာမတွေက မှန်တယ်တဲ့။

ရုံးတွေမှာ ရုံးစာဖတ်တဲ့ အထက်အရာရှိက မှန်တယ်တဲ့။

ဟိုအရင်က ဥပဒေစာတွေက မှန်ခဲ့တယ်။ အခု ပြင်ထားတဲ့သတ်ပုံတွေနဲ့ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံစာတွေက မှန်သတဲ့။

ဟိုအရင်က ဆဋ္ဌသံဂါယနာတင် ပါဠိမြန်မာပြန် တရားစာတွေကမှန်ခဲ့တယ်။ အခု ရေးချင်သလိုရေးတဲ့ တရားစာတွေက မှန်သတဲ့။

အရင်က မြန်မာ့စွယ်စုံကျမ်းက မှန်တယ်။ အခု အသစ်ထုတ်မယ်တဲ့။

အဲလိုတွေ ရှိနေ ဖြစ်နေတဲ့တိုင်းပြည်မှာ ကျွန်တော်တို့ နေကြရတယ်။ အဲလိုတွေ ရေးနေကြတာကို မြန်မာစာလို့ခေါ်သတဲ့။

ဒေါက်တာတင့်ဆွေ
၂၁-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး