The Good Men Project လူတော်လူကောင်း လူကောင်းလူတော်

မေးလို့ ရေးပါတယ်။

လူကောင်းလူတော်က မှန်ပါသလား မဆလ ခေတ်မှာ လမ်းစဉ်ပါတီက ဘယ်လိုပြင်လိုက်တာပါလဲ။ လူကောင်းလူတော် လူချွန်လူမွန် လူချွန်လူကောင်း အသုံးများကို ရေးသားရှင်းထားပြီးရှိရင် ဘယ်မှာရှာဖတ်ရမလည်းခင်ဗျာတဲ့။

လူတော်လူကောင်း၊ လူချွန်လူကောင်းလို့ ဟိုအရင်ကတည်းက ရေးသား ပြောဆို သီကုံးခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်းကနေ လူကောင်းလူတော်လို့ပြင်စေတယ်။ ကောင်းတဲ့သူ တော်အောင်လုပ်လို့ရတယ်ဆိုတဲ့သဘောတဲ့။ လက်တွေ့မှာတော့ မဆလပါတီဝင်ဆိုရင် ကောင်းတယ်။ တင်းပြည့်ပါတီဝင်က ပိုကောင်းတယ်။ ဗဟိုကော်မတီဝင်က အကောင်းဆုံး။ ပါတီဥက္ကဋ္ဌကြီးကတော့ နံပတ်ဝမ်း။ တိုင်းပြည်ကတော့ အယ်လ်ဒီစီ။ အဲဒီ လူကောင်းလူတော်တွေ ၂၆ နှစ် ကြိုးစားခဲ့တဲ့ ရလဒ်ဖြစ်တယ်။

ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ ပါတီပေတံနဲ့ တိုင်းတယ်။ စစ်အစိုးရလက်မှာ ယူနီဖေါင်းနဲ့ အကဲဖြတ်တယ်။ နောက်မှာ ယူနီဖေါင်းချွတ်တာကိုပါ ထည့်လိုက်တယ်။ အတော်ဆုံးဆိုတာ အိမ်ရှေ့အရာပေးတာ။ ယူနီဖေါင်းပေါ်က အပွင့်တွေနဲ့ လုပ်သက်ကို မကြည့်ပါ။ သစ္စာခံမှု။ အဲလိုလူကသာ လူတော်လူကောင်း၊ လူကောင်းလူတော်၊ လူချွန်လူမွန်ချုပ်ကြီး။

ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရကာစမှာ (ဂျင်းတဲလ်မင်း) ဆိုရင် လူကြီးလူကောင်းလို့ ဘာသာပြန်တယ်။ ဗိုလ်ဆန်လို့ ဟန်တယ်မထင်ခဲ့ပါ။

ဆရာမြို့မငြိမ်းရေးသားပြီး၊ ကိုအံ့ကြီးဆိုခဲ့တဲ့ လူချွန်လူကောင်းသီချင်းကတော့ ခုချိန်အထိပြောင်းမသွားပါ။ အဲတာကို အဆိုတော်တွေ ပြောင်းဆိုကြလည်း ကောင်းတယ်။ လူကောင်းလူချွန်လို့ပြောင်းဆိုရင်တော့ ဘယ်ကောင်းပါ့မလဲ။

ခုခေတ်မှာလည်း ဝေါဟာရနိုင်ငံရေးဆက်လုပ်ကြတယ်။ တိုင်းပြည်နာမည်ပြောင်းတာကနေ တကြော့ပြန်စတယ်။ သတ်ပုံ အမှန်တွေကို အမှားပြောင်းထားတာကို ထောက်ပြတော့ ပြောင်းလဲချိန်တန်ပြီတဲ့။ အမှားက အမှန်တဲ့။ လူညံ့လူနုံတွေ၊

ကိုအံ့ကြီး လူချွှန် လူကောင်း https://www.youtube.com/watch?v=SSc8clgK3oE

ဒေါက်တာတင့်ဆွေ
၂၂-၈-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး