No cure for hepatitis B အပျောက်ကုသလို့ မရသေးပါ

ဆရာ အပြင်မှာ ရေးနေကြတာတွေ ပြောနေကြတာတွေကြားနေလို့ပါ B ပိုးကိုခြောက်လဆေးသောက်ရင် လုံးဝ ပျောက်တယ်လို့ ကြားနေရလို့ပါဆရာ ဆရာဝန်တယောက်ရဲ့ ပြောပြချင်အရ ကျွန်တော် သိထားတာက B ပိုး က ဆေးသောက်ရင်တော့ ပျောက်တယ် သူ့အရဲ့ အခွံ က တော့ ကျန်မယ် ပျောက်အောင် လုပ်လို့မရဘူး အဲ့အခွံကြောင့် B ပိုးသတ်ဆေး သောက်တာကို ရပ်လိုက် ရင် ပြန်ပီးတော့ ပေါက်ဖွားလာမှာပဲတဲ့ B ပိုးက ဘယ်ဟာ မှန်ပါသလဲခင်ဗျာ ကမ္ဘာမှာရော အခွံပါ ပျောက်အောင် ကုသနိုင်တဲ့ဆေး ရှိပါသလား

၁၂-၃-၂ဝ၁၅ နေ့ကထုတ်ပြန်တဲ့ WHO ရဲ့ ပထမဆုံးအသည်းရောင် (ဘီ) ကုသမှုလမ်းညွှန်
(၁) ဘယ်သူတွေအတွက်နဲ့ အသည်းအခြေအနေသိဘို့ရာ ရိုးရှင်းတဲ့ အကြီးစားလည်းမဟုတ်တဲ့ စမ်းသပ်နည်းတွေ၊
(၂) အသည်းခြောက်နေသူတွေအတွက် ကုသမှုဦးစားပေးရွေးချယ်စရာတွေ၊
(၃) နာတာရှည်အသည်းရောင်နေသူအတွက် စိတ်ချရပြီး အကောင်းဆုံးထိရောက်တဲ့ tenofovir (သို့) entecavir ဆေး၊
(၄) အသည်းကင်ဆာကိုစောစောသိနိုင်ရေး၊ ကုသမှုထိရောက်ပုံသိနိုင်ဘို့နဲ့ ဆေးကုတာဘယ်တော့ရပ်မလည်းတို့အတွက် ရိုးရှင်းတဲ့ စမ်းသပ်နည်းကိုသုံးပြီး ပုံမှန်စောင့်ကြည့်နည်း
(၅) အထူးလိုအပ်သူတွေ (HIV နဲ့တွဲရှိနေသူတွေ၊ ကလေးတွေနဲ့လူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ) အတွက် လိုအပ်ချက်များပါတယ်။

နာတာရှည်ဘီပိုးအသည်းရောင်ကုသနည်း
၁။ Antiviral medications ဆေးပေးနည်း
tenofovir (Viread), lamivudine (Epivir), adefovir (Hepsera) and telbivudine (Tyzeka) ဆေးတွေသုံးတယ်။

၂။ Interferon alfa-2b (Intron A) ထိုးဆေး၊

၃။ Liver transplant လိုအပ်သူကို အသည်းအစားထိုးတယ်။

HBeAg-positive naïve လူနာကို Tenofovir 300 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်။ (သို့) Adefovir 10 mg တနေ့ ၁ ကြိမ်၊ ၄၈ ပတ်ပေးတယ်။

HBeAg-negative လူနာကို Tenofovir 300 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်။ (သို့) Adefovir 10 mg တနေ့ ၁ ကြိမ်၊ ၇၂ ပတ်ပေးတယ်။

HBeAg-negative or -positive လူနာကို Tenofovir 300 mg တနေ့ ၁ ကြိမ်၊ ၄၈ ပါတ်။ (သို့) Adefovir 10 mg တနေ့ ၁ ကြိမ်၊ ၄၈ ပတ်ပေးတယ်။

Tenofovir ဆေးကို ဘယ်လောက်ကြာကြာ ပေးရမလည်းတော့ အတိအကျသတ်မှတ်ချက်မရှိသေးပါ။ တခြားဆေးတွေနဲ့ တွဲပြီး HIV-1 ကိုလည်းပေးတယ်။ ဘေးထွက်ဆိုးကျိုး = ပျို့-အန်၊ ဝမ်းပျက်၊ ဗိုက်အောင့်၊ အားယုတ်။

ဆေးဟာတသက်လုံးဖြစ်ပါတယ်။ ဆေးကုသတာရဲ့ ရည်ရွယ်ချက်က ဗိုင်းရပ်စ်ပိုးတွေ တက်ကြွမနေအောင်၊ အသည်းထဲမှာ ပွါးများမလာစေအောင်လုပ်ပေးတယ်။ ဆေးကနေ အဲလိုလုပ်ပေးတဲ့နောက်မှာ ကိုယ့်ခုခံအားကနေ ပိုးတွေကိုနှိမ်နိုင်လာမယ်။ အသည်းကိုလဲ ဆက်ပြီးပျက်စီးတာ မဖြစ်အောင် ကာကွယ်ပေးနိုင်မယ်။ အသည်းခြောက်တာ၊ အသည်းကင်ဆာဖြစ်မလာစေဘူး။ အသည်းရောင် (ဘီ) ပိုးကူးစက်ခံရသူတွေထဲက ၉၅% မှာ သူ့အလိုလို ရောဂါပိုးတွေ ရှင်းသွားနိုင်တယ်။ ဆေးမလိုပဲ ရှင်းသွားတာကို ဆိုလိုတယ်။ တချို့မှာတော့ နာတာရှည် အသည်းရောင်ဖြစ်နိုင်တယ်။ ၆ လနေလို့မှ ပိုးကင်းရှင်းမသွားရင် အဲလိုဖြစ်လာနိုင်တယ်။ အသည်းရောဂါဖြစ်လာမယ် အသည်းထဲမှာ ပိုးတွေပွါးလာမယ်။ ဆေးကုသဘို့လိုနိုင်တယ်။ ဆေးမပေးခင် HIV နဲ့ Hepatitis C ရှိ-မရှိ စစ်မယ်။ Hepatitis A ကာကွယ်ဆေးလည်း ထိုးသင့်မယ်။

ကိုယ့်ဖါသာစောင့်ရှောက်တာလည်း အရေးကြီးတယ်။ လုပ်နိုင်တဲ့အလုပ်မျိုးကိုသာလုပ်ပါ။ နားလို့ရသလောက်နားပါ။ အရက်နဲ့ မူးယစ်ဆေးမတည့်ပါ။ Acetaminophen ပါရာစီတမောရှောင်ပါ။ ယားရင် Benadryl or Chlor-Trimeton ဆေးသုံးနိုင်တယ်။ Sodium 1.5 g/day ဆား (ဆိုဒီယမ်) လျှော့စားပါ။ ပရိုတင်းများများစားပါ။ အဲတာမဟုတ်ပါလို့လည်း ရှိတယ်။ မျှတလုံလောက်ဘို့က အဓိကဖြစ်တယ်။ ဆား (ဆိုဒီယမ်) သိပ်နည်းနေရင် 1.5 L/day ရေသောက်မများရပါ။

နာတာရှည်ဖြစ်သူကို ဆေးပေးရတယ်ဆိုတာ အသည်းအလပ်မလုပ်နိုင်မဖြစ်အောင်၊ အသည်းခြောက်တာနဲ့ ကင်ဆာ မဖြစ်စေအောင်ဖြစ်တယ်။ hepatitis B viral load နည်းစေမယ်။ ဆေးစစ်ရင် HBeAg ပျောက်သွားမယ်။ anti-HBe ပါ မတွေ့သူ တွေ့နေသေးသူရှိတယ်။ အသည်းအင်ဇိုင်းအခြေအနေ တိုးတက်လာမယ်။

ပိုးကူးစက်ခံရသူ ၁၀ ယောက်မှာ ၉ ယောက်က ၄ ပတ်နဲ့ ၈ တ်အတွင်း အလိုလိုပျောက်ကြတယ်။ ၅% ဟာ ကယ်ရီယာ ခေါ် ပိုးသယ်ဆောင်နေသူဖြစ်လို့ သူများကို ကူးစက်စေနိုင်သူဖြစ်တယ်။

No cure for hepatitis B အပျောက်ကုသလို့ မရသေးပါ။ ဆောရီး။

Hepatitis B treatment (ဘီ) ပိုးကုသနည်း https://doctortintswe.blogspot.com/2016/02/hepatitis-b-treatment.html

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး