ဒူးနေရာဒူး တော်နေရာတော် ဒူးလောက်တင်မှ ရင်လောက်ကျ

၁။ ဒူးနေရာဒူး တော်နေရာတော်ဆိုတဲ့ အဓိပ္ပါယ်ဟာ ဒူးခေါင်းနဲ့ ဘယ်အရာကိုရည်ညွန်းပြောဆိုတာပါလည်းခင်များ  တော်နေရာ တော် ဆိုတဲ့စကားမှာ တော် ဆိုတာကရော ဘာပါလည်းခင်များ။ သူ့နေ့ရာနဲ့သူ လုပ်သင့်လုပ်ရမယ်၊ ၀တ်သင့် ၀တ်ရမယ်ဆိုတာကို နားလည်ပေမဲ့ သုံးထားတဲ့စကားလုံး ဒူးနဲ့တော် နားမလည်တာပါခင်များ

သိသလောက်သာ ဖြေပါရစေ။ ဘုရင်တွေခေတ်က ညီလာခံမှာ ခစားကြတဲ့အခါ ဒူးတုပ်ထိုင်ကြတယ်တယ်။ တော် အသုံးက နန်းသုံးစကား။ ကျွန်တော်မျိုး၊ ဘုရားကျွန်တော် စသဖြင့်သုံးကြတယ်ထင်ပါတယ်။ အနေအထိုင်နဲ့ အပြောအဆိုမှာ သင့်တင့်လျှောက်ပတ်ရမယ်လို့ ပြောလိုတဲ့အခါ ဒီစကားစုကို သုံးတတ်ကြတယ်။

၂။ ဆရာ ဒူးလောက်တင်မှ ရင်လောက်ကျ ဆိုတဲ့စကားက ဘာအဓိပ္ပာယ်လဲ ရှင်းပြပေးပါ။

မုဆိုးတွေက ဒူးလေးကို သားကောင်မပစ်ခင် လေးတင်ကြရတယ်။ လေးကို ဒူးလောက်ကနေစတင်မှသာ ရင်ဘတ်လောက်မှာ လေးသွားကျတယ်လို့ ဆိုပါတယ်။ ဒူးအောက် သို့မဟုတ် ဒူးအထက်ကနေ စတင်ရင် လေးမကျပဲ ရှိတတ်တယ်။

နောက်ရှင်းလင်းချက်တမျိုးကတော့ တကယ်ဖြစ်ပေါ်လာတဲ့အကျိုးရလဒ်က နည်းနေရတတ်လို့ ပိုကြိုးစားရတာမျိုး။ တနည်းအားဖြင့် ရလိုတဲ့ဈေးထက် ပိုပြောတာမျိုး။ ခေတ်ပေါ် ဒူးလေးတွေကတော စံနစ်ပိုကျတယ်။ နောက်ရှင်းလင်းချက်တမျိုးကတော့ ရေအိုး ခေါင်းပေါ်မတင်မီ ပင့်တာ။

နိုင်ငံတော်ဆိုတဲ့အသုံးကို ထောက်ပြတာတွေရှိတယ်။ ဘုရင်ခေတ်လိုလား။ ကိုးကွယ်သလိုလား။ ဇာတ်ဆန်တာလား စသဖြင့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး