အအေးတခု အနွေးတခုအားဖြင့်

၃၀။ ရဟန်းတို့ ဘုရားလောင်းသည် မယ်တော်ဝမ်းမှာ ထွက်မြောက်လာသောအခါ အအေးတခု အနွေးတခုအားဖြင့် ရေအယဉ်နှစ်ခုတို့သည် ကောင်းကင်မှာ ထင်ရှားဖြစ်ပေါ်လာကုန်၏။ ယင်းရေအယဉ်ဖြင့် ဘုရားလောင်းအား၎င်း မယ်တော်အား၎င်း ရေသန့်စင်ခြင်းကိစ္စကို ပြုကုန်၏။ ဤကား ဤအရာ၌ဓမ္မတာပေတည်း။ (ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ ဓမ္မစေတီတော်၊ သုတ်မဟာဝါ ပါဠိတ်ေမြန်ာပြန်)

ခုခေတ်မှာ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်မြန်မာဘာသာပြန်ဆိုခဲ့ကြတဲ့ ဆရာတော်ကြီးများထက် မြန်မာစာ တော်တတ် ထူးချွန် ပြောင်မြောက်ကြကုန်သော ပညာရှင်များက အအေး (တစ်) ခု အနွေး (တစ်) ခုအားဖြင့်ဟုသာ ရေးသာကြကုန်၏။

ပိုင်းခြားတတန်
အပျိုတန်မဲ့ ပါးမှာမှဲ့
အဖိုးတသိန်းတန် ပြည်တန်ကျောက်
ကျုံးသုံးတန်ရံ မြို့ပုဂံ
တရှိုက်လောက်ရှူပြန် နီတာလံစပ်သီး

ဒေါက်တာတင့်ဆွေ
၂၀-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး