သုဓမ္မာဇရပ်

တန်ဆောင်းပြာသာဒ်စာလုံးပေါင်းကို ခုမှ သတ်ပုံကျမ်းမှာရှာတွေ့လို့ စာရေးလိုက်ပါသည်။ ဇရပ် တန်ဆောင်း ပြာသာဒ် ဥပုသ်ဆောင်စသည်အမည်တွေဟာ အခေါ်သာကွဲပြီး အတူတူပဲလား။ ဓမ္မာရုံဆိုတာရော ဘယ်လိုကွဲပြားပါသလဲ။ ဆရာသိသလောက် ဖြေကြားပေးပါခင်ဗျာ။

သိသလောက်ဆိုတာ အစစ်ပဲ။ တန်ဆောင်း၊ ပြာသာဒ် ကျောင်း။ ဇရပ်ဆိုတာ မြန်မာပြည်ကဗုဒ္ခဘာသာနဲ့ ဆိုင်တယ်။ ဘာသာရေးအမွေ၊ ယဉ်ကျေးမှုအမွေတွေဖြစ်တယ်။

မန္တလေးတောင်ခြေမှာ သုဓမ္မာဇရပ်တွေရှိတယ်။ မင်းတုန်းမင်းကြီးဆောက်တာ ၃၃ ဆောင်ရှိတယ်။ ရည်ရွယ်ရင်းက ရဟန်းတွေအတွက် ဖြစ်တယ်။

ဓမ္မာရုံဆိုတာ အမည်အတိုင်း တရားဟော၊ တရားနာ၊ သီလယူ၊ တရားထိုင်စရာနေရာ။

တန်ဆောင်းက အမျိုးမျိုး။ အာရုံခံတန်ဆောင်းဆိုတာ ဘုရားကို အာရုံပြုရန်နေရာ။ တန်ဆောင်းတွေဟာ ရှည်တယ်။ ဘုရားဖူး အမြင့်တက်လမ်းကိုလည်းခေါ်တယ်။

ဇရပ်စာလုံးက ဇြပ် မွန်ကနေလာတယ်လို့ ဖတ်ရတယ်။ ဇရပ်ဆိုတာ လူတွေအတွက်ရော ရဟန်းတော်တွေအတွက်ပါ ရည်ရွယ်ထားတာရှိတယ်။ ဖေ့စ်ဘွတ်ဟာ တခါတခါ သာလာယံဇရပ်နဲ့တူတယ်။ လာချင်သူလာ၊ လူလာလာ နွားပါပါ၊ နားပါ၊ နေပါ၊ တည်းခိုပါ။ စည်းကမ်းသမားက မီးဖိုထားရင် ငြိမ်းသတ်ပြီးမှ ထွက်သွားတယ်။ စည်းမထားသူမျိုးက အခင်းကိုချိုးပြီး မီးခိုးမှိုင်းတိုက်၊ ထင်းဆိုက်တယ်။ မိုက်တဲ့သူက အခင်းကြီးသွားတယ်။ (ကန်တော့။)

သာဒ်
ပြာသာဒ်ဘုံဆောင်
ပေါရိသာဒ်

သဒ်
သဒ္ဒါကျမ်း
သဒ္ဓါတရား

ပြ
ညွှန်ပြ
နည်းပေးလမ်းပြ
ပြခန်း
ပြင်းပြင်းပြပြ
ပြစားပြလျော်
ပြဇာတ် ကဇာတ်
ပြတင်း = ပြူတင်း
ပြတန်ဆောင်း
ပြတာန် = မျက်နှာကြက်
ပြတို့ + ထွေးခံ
ပြတိုက်
ပြတို့
ပြဒါးတိုင်
ပြဒါးရှင်
ပြယယ် = အများ
ပြယာယ်
ပြယာယ် = ပရိယာယ်
ပြယိုးယားကျောက်ဒပြကတေ့
ပြယုဂ်
ပြယုဂ်ဥဒါဟရုဏ်
ပြယိုးယားကျောက်
ပြရုပ်
ပြလမ်းဒူးလမ်း
ပြသကွက်
ပြဟုပ် = ဒမြ = ဓါးမြ
ပြအိုး
ပြတန်ဆောင်း
ပြညွှန်
ပြညွှန်း
ဥပမာပြ
နေရောင်ပြ
ပြောပြ
ညွှန်ပြ

ပြတ်
ပြတ်ဆို
ပြတ်ပြတ်ပြော
ပြတ်လပ်
ပြတ်သား
ဖြတ်၍ ပြတ်

ပြသ်
ပြဿဒါးရက်
ပြဿနာ

ပြဋ္ဌာန်း

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး