မထွေးမပါ တို့ချည်းသာ

တာ နှင့် သာ အသုံးလေး သိချင်လို့ပါဆရာ။ မနက်ပိုင်းမှာတာ ရုံးသွားရတယ်၊ မနက်ပိုင်းမှာသာ ရုံးသွားရတယ်၊ ဘယ်ဟာ အမှန်လဲ ဆရာ။

မထွေးမပါ တို့ချည်းသာ ဖြစ်လို့ မနက်ပိုင်းမှာသာက မှန်။

သာ
မြို့သာ
ရွာသာရွာ
သာကိန် (သာကိန္ဒ) = သာကီဝင်မင်းတို့ကို အစိုးရတော်မူသောမင်း
သာခွါ = ဘော်ငွေ]အမည်
သာချင်း = သာယာစွာသီဆိုရင် ရေးစီသောကဗျာ
သာဂူစေ့
သာစွလေ = ကောင်းမွန်စွလေ
သာတူညီမျှ
သာဓက = အထောက်အထား၊ ဥပမာ
သာဓု
သာဓုကိဠန (ဘုန်းကြီးပျံပွဲ)
သာဓုကီဠနသဘင်
သာမန် = သာမည = အများနှင့်ဆက်ဆန်ခြင်း
သာမန်ကာလျှံကာ
သာမန်ကာလျှံကာ
သာမဏေ
သာယာညင်းပျောင်း
သာယာဝတီဗျိုင်း
သာယာဝတီမြို့
သာယာသည်
သာရကာ = သာလိကာခေါ်သည့် ဆက်ရက်ငှက်တမျိုး
သာရဂန် ( သာရ + ဂန္ဓ) = စန္ဒကူးသရက္ခန်
သာရာစီး = အခွင့်အရေးရသည့်ဘက်ကိုလိုက်လေ့ရှိသူ၊ အခွင့်အရေးသမား
သာရဝေါမြို့
သာလကာ = မပင်မပန်း သက်တောင့်သက်သာ
သာလက် = မပင်မပန်၊ အလွယ်တကူ
သာလာယံဇရပ်
သာလာယံဇရပ်
သာလိကာငှက်
သာဝှမ်း
သာဝအောင် = သာယာသောပွဲ
သာသနာ
သာသာယာယာ
သာအားကြိုး = လွန်စွာကြိုးပန်းအားထုတ်ခြင်း
သာကေတမြို့
သာခွေယိုင်
သာပေါင်းညာစား
သာမော = ညီညာသော၊ နှစ်သက်ဖွယ်ကောင်းသော
သာနိုးပွင့် = ကံ့ကော်ပွင့်
သာနိုးပျော်ဘွယ်ကြိုး
သူသာလျှင်
လူသာလျှင်

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်၊
မထွေးလိုလို့ ဝဲပါတယ်။
မထွေးမပါ တို့ချည်းသာ၊
ပါပါရဲ့သား နောက်ကထား၊
မထွေးအသား ခါးလှတယ်၊
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်၊
ချောင်းငယ်ရေချမ်း နွေမှာခန်း၊
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်၊
မြစ်ငယ်ရေချမ်း နွေမှာခန်း၊
ပင်လယ်ရေနဲ့ ဆေးပါ့မယ်၊
ပင်လယ်ရေ ဘယ်မခန်း
မထွေးအမိဖမ်း။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး