သီချင်းကို တစ်တစ်ခွခွဆိုရတယ်

၁။ နာမည်ကြီးအသားကင်ဆိုင် ဆိုင်းဘုတ်မှာ ဗိုလ်တစ်ထောင်တဲ့ မနေနိုင်လို့ ဝင်ပြောခဲ့သေးတယ်ဆရာ။

ဟုတ်။ တယောက်က ပို့တာရတယ်။

၂။ ရေးတော့အမှန် ဖတ်တာ့အသံပါဆရာ။

ရေးတော့အမှား။ ဖတ်ကားတလွဲ။ ထပ်ဖြည့်ဦးမယ်။ သင်တော့ (တစ်) ခြား။ မြန်မာအစ (တစ်) ကောင်းကတဲ့။ အလုပ်ခေါ်စာတခုမှာ (တစ်) ရုတ်စကား တတ်ရမည်တဲ့။

(တစ်) ခါ (တစ်) ရံ၊ (တစ်) ခါတရံ နဲ့ တခါ (တစ်) ရံတွေကို တခါတရံလို့ ဘယ်လိုမှ တခါတရံသံ ထွက်မရ။ တစ်တစ်ခွခွ ဖတ်ရ၊ သီချင်းဆိုရတယ်။

သတ်ပုံပြင် မြန်မာစာအဖွဲ့ကြီး အဓွန့်ရှည်ပါစေ။

ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး