Cervix သားအိမ်ဝ အခေါ်အဝေါ်

(ကန်တော့)

သားအိမ်ဝနဲ့က တူတူပဲလား သမီးက နားမလည်လို့ပါ ဆရာ။

ကျွန်တော်က သားအိမ်ဝလို့သာရေးတယ်။ အများက သားအိမ်ခေါင်း။ အဲတာနှစ်မျိုးလုံးက တိကျသေးတာမဟုတ်ပါ။ အင်္ဂလိပ်လိုမှာ Head ဆိုမှသာ ခေါင်းဖြစ်တယ်။ သားအိမ်ဝမှာ အပေါက်ရှိတယ်။ ခေါင်းမှာ အပေါက်မရှိ။

အခုဟာက Cervix ခေါ်လို့ နှုတ်ခမ်းလို့ဘာသာပြန်နိုင်တယ်။ နှုတ်ခမ်းကလည်း သိပ်မတိကျပါ။ ပုံမှန်သားအိမ်ဝဟာ စေ့ပိတ်ထားတဲ့ ပါးစပ်ပေါက်နဲ့ တူတယ်။ သားအိမ်ပါးစပ်လို့တော့ ဘယ်သူကမှ မရေးဘူးထင်တယ်။ တကယ့်သားအိမ်ဝက ပါးစပ်လိုမဟုတ်။ အထက်အောက် (အတွင်းအပြင်) အတိုင်းအတာ ရှိနေတယ်။

Cervical Spondylosis ကို လည်ပင်းကျီးပေါင်းလို့သာ ဘာသာပြန်တယ်။ သားအိမ်လည်ပင်းလို့လည်း ဘယ်သူကမှ မရေးဘူးထင်တယ်။ အဲတာလည်း မမှန်ပါ။ သားအိမ်ဝမှာ အပေါက်ပါတယ်။ လည်ပင်းမှာ အပေါက်မရှိ။

သားအိမ်ဝလို့က အမှန်နဲ့အနီးစပ်ဆုံးလို့ ကျွန်တော်တယောက်တည်းက ထင်တယ်။

Cervix သားအိမ်ဝမှာ ၂ ပိုင်းရှိတယ်။ Endocervix သားအိမ်ကိုယ်နဲ့ဆက်နေတဲ့အပိုင်းနဲ့ ဗဂျိုင်းနားထဲမှာနေတဲ့ Ectocervix စမ်းသပ်ရင်မြင်နိုင်တဲ့အပိုင်း။ က1င်ဆာလာဖြစ်တာက ဒီနေရာမှာ။ အဲတာမှာ အလယ်ကအပေါက်ကို External os အပြင်ပေါက်ဝလို့ခေါ်တယ်။ အတွင်းမှာအပေါက်ဝတခုရှိသေးတယ်။ ရာသီသွေးဆင်းမယ်။ ၁ဝ စင်တီမီတာအထိ ကျယ်လာမှ ရိုးရိုးလမ်းကနေ ကလေးမွေးမယ်။

Cervix သားအိမ်လည်ပင်းက ၂ စင်တီမီတာ (၁ လက္မ) လောက်ရှည်တယ်။ တွယ်တက်တစ်ရှူးနဲ့ ကြွက်သားတွေနဲ့ တည်ဆောက်ထားတယ်။ Endocervical canal မှာ Columnar cells ဆဲလ်တွေရှိတယ်။ Glandular cells အမျိုးအစား ဖြစ်လို့ Mucus အချွဲထွက်တယ်။ အချွဲရည်က အပျစ်အကျဲမတူပါ။ ရင့်မှည့်နေတဲ့မျိုးဥထွက်ချိန်မှာ ကျဲလာတယ်။ ကျန်တဲ့အချိန်မှာ စေးပျစ်နေလို့ တော်တော်တန်တန်ပိုးဝင်လာမှာကို ကာကွယ်နိုင်တယ်။ Ectocervix နဲ့ vagina ဗဂျိုင်းနားမှာ Squamous cells ဆဲလ်တွေရှိတယ်။

Cervix Conditions သားအိမ်ဝရောဂါများ
• Cervical cancer သားအိမ်ဝကင်ဆာ။
• Cervical incompetence သားအိမ်ဝမလုံခြင်း။
• Cervicitis သားအိမ်ဝရောင်ခြင်း။
• Cervical dysplasia သားအိမ်ဝကင်ဆာမဖြစ်ခင်အဆင့်။
• Cervical intraepithelial neoplasia (CIN) သားအိမ်ဝကင်ဆာမဖြစ်ခင်အဆင့်။
• Cervix polyps သားအိမ်ဝအသားပိုအသီး။

ဒေါက်တာတင့်ဆွေ
၂၄-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး