ကျောက်ကွဲရွာတဲ့

ပုံမြင်ရတာ အာဖရိကမှာလိုလို
အက်စ်ကီမိုတော့ မဟုတ်
တဲကုပ်နဲ့ တောသူမရုပ်
စာသင်ကျောင်းနဲ့ ဆေးပေးခန်းလည်း ဝေးကွာမဲ့ ဇနပုဒ်
သည်ကျောက်ကွဲရွာ လောပန်တွေလာမှာ မဟုတ်
လက်နက်ကိုင်တွေလည်း စိတ်ကူးထည့်ကြမယ်မဟုတ်
ထို့ကြောင့် ငြိမ်းချမ်းရေးရနေသည့်သရုပ်။

ဒေါက်တာတင့်ဆွေ
၂၇-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး