ထရမ့် နဲ့ တရုပ်

ကုန်သွယ်ရေးစစ်လို့ ပြောကြတဲ့ ထရမ့် နဲ့ တရုပ် အပြန်အလှန် ခွက်စောင်းခုတ်နေတာတွေ ထပ်တိုးလာတယ်။ ထရမ့်က အမေရိကန် ကုမ္ပဏီတွေ တရုပ်ပြည်ကနေထွက်ကြစေတဲ့။ သမတကနေ ထွက်မိန့်ပေးလို့ ရ မရ မသဲကွဲသေး။ တကယ်လုပ်မှာက အလျင်အမြန်လက်စားချေရေးတဲ့။

တရုပ်က အမေရိကကနေသွင်းတဲ့ကုန်အမျိုးအစား ၅၀၀၀ ကျော်အပေါ် အခွန် ၁၀% တိုးကောက်မယ်လို့ပြောလို့။ အဲတာက တန်ဖိုး ၇၅ ဘီလီယန်ရှိတယ်။

၂၀၁၇ နှစ်တုန်းက အမေရိကန်ကသွင်းတဲ့ကားတွေအပေါ် တင်ထားတဲ့ အခွန် ၂၅% ကို ၂၀၁၉ နှစ်မှာ လျော့ထားတာကို တရုပ်က ပြန်တင်မယ်။

ဒီနှစ် သြဂုတ်လမှာ အမေရိကန်က တရုပ်ကုန်တွေအပေါ် အခွန် ၁၀% တိုးလိုက်တာကနေ ရန်ပွဲစတယ်။ တန်ဖိုးက ဒေါ်လာ ၃၀၀ ဘီလီယန်။ အမေရိကန်က တကယ်အခွန်တိုးတာတော့ စက်တင်္ဘာလဆန်းမှဖြစ်မှာ။ တရုပ်ကလည်း စက်တင်္ဘာနဲ့ ဒီဇင်္ဘာမှာ တိုးမှာတဲ့။

စတော့ပ်ဈေးကွက်မှာ ၂့၎ နဲ့ ၂့၆% ကျသွားတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၈-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး