Oramin အိုရာမင် သို့မဟုတ် မော်ဒယ်ထက်ငယ်တဲ့ဆေး

ဆရာရှင့် သမီးအသက်က ၂၇ပါ နာမည်က့ ပါ Yangon မှာနေပါတယ် အခုလက်ရှိ ဘာရောဂါမှမရှိသလို ကျန်းမာရေးလည်း ကောင်းပါတယ် Oramin F ကို စသောက်နေပါတယ် စွဲသောက်မယ်ဆို အဆင်ပြေနိုင်ပါ့မလား ဆရာ လူက နည်းနည်းဝတော့ Oramin F က အဆီကျစေတယ်လည်းပြောလို့ပါ အာရုံကြောတော့ နည်းနည်း အားနည်းတော့ Betex သောက်နေရပါတယ် အဲဆေးနှစ်မျိုးကို တွဲသောက်လို့ရော အဆင်ပြေပါသလား ဆရာရှင့်

အမည် မလို။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။

Oramin-F Soft Cap ဆိုတာ ကိုရီးယားတိုင်းရင်းဆေးဖြစ်တယ်။ ကြော်ငြာမှာ Vitamins (A, B1, B2, B6, C, D), Amino Acids and Coenzymes ဗီတာမင်သာပါတယ်။ ကိုယ်ဝန်တွေကလည်း မေးကြတယ်။ ကိုယ်ဝန်ဆောင်အားဆေးလည်း မဟုတ်ပါ။ သံဓါတ်မပါ။ အဆီကျဆေးမဟုတ်ပါ။

သူ့ထဲမှာပါတာတွေကတော့ -
ဗီတာမင် အေ = 3000 IU
ဗီတာမင် ဒီ = 400 IU
ဗီတာမင် ဘီ ၁ = 10 mg
ဗီတာမင် ဘီ ၂ = 2.5 mg
ဗီတာမင် ဘီ ၆ = 15 mg
ဗီတာမင် ဘီ ၁၂ = 4 mcg
ဖေါလစ်အက်စစ် = 1,000 mcg
ကယ်လ်စီယမ် ပင်တိုသီနိတ် = 7.5 mg
နီကိုတင်နမိုက် = 20 mg
ဗီတာမင် စီ = 100 mg
အိုင်အိုဒင်း = 100 mcg
ကယ်လ်စီယမ် လက်တိတ် = 250 mg
ကြေးနီဓါတ် = 100 mcg
သံဓါတ် = 30 mg လို့ဖတ်ရတယ်။

Oramin-G (Korean Ginseng + Aloe Ext. + Multivitamins) နုပျိုစေဘို့ ညွှန်းထားတယ်။ နတ်ရေကန်ထဲဆင်းသလို နုပျိုတယ်ဆိုတာ စာအုပ်ထဲနဲ့ ရုပ်ရှင်ထဲမှာသာရှိပါတယ်။ ကြော်ငြာပေးတဲ့ မော်ဒယ်တွေက အဲလိုဆေးမပေါ်ခင်ကလည်းက လှနေကြပြီးသား။ ဆေးထက်တော့ အသက်ကြီးကြတယ်။ တချို့မော်ဒယ်တွေက ဆေးကို မမြင်ဖူးကြပါ။

Oramin အိုရာမင် သို့မဟုတ် မော်ဒယ်ထက်ငယ်တဲ့ဆေး https://doctortintswe.blogspot.com/2014/11/oramin-f.html

အဖြေရတာ အားတော့နာတယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ
၂၀-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး