ညောင်ကန်ရွာက တင်ထားတာ

လယ်တီ ဦးလှပိုင် (ဓမ္မာစရိယ ပါဠိပထမကျော်) ရေးသားအပ်သော
နိဂမာ ဘိတ္ထဝိတပ္ပတ္ထနာဖွဲ့ ပိုဒ်စုံရတု။

အပိုဒ် (၂)
သစ်ဆန်း ကလ္လာ ချိန်ထက်မှာကား၊ ဖလ်ဝါဒေါင်းရှင်၊ နေလုလင်သည်၊ ရှေ့ခွင်မျက်နှာ၊ ရပ်ဒိသာမှ၊ ကမ္ဘာလောကဓာတ်၊ လွှမ်းခြုံပတ်မည့်၊ သဟဿ ခြည်၊ ထွန်းလင်းစည်သို့၊ ဥာဏ်ရည်နက်လေး၊ သ သင်ရေးဖြင့်၊မွှေး တကြူကြူ၊ ဇမ္ဗူမဆံ့၊ ကြိုင်ပျံသင်းသင်း၊ သတင်းဂုဏ်ရောင်၊ နှစ် ငါးထောင်လျှင်၊ ဥသျှောင်တမွတ်၊ ဆိုမောညွှတ်မျှ၊ ကယ်ချွတ်ဗုဒ္ဓ၊ သုံးလူ့ဘ၏၊ သဒ္ဓမ္မမည်၊ ကွန့်မြူးလည်သား၊ တည်၍ သတ်မှတ်၊ မည်သတတ်ကြောင့်၊ "ရွာမြတ် ညောင်ကန်"၊ သမိုက်ဖန်တည့်၊ ကျန်းဂန်စာတတ်၊ ပုဂ္ဂိုလ်မြတ်တို့၊ ဌုပ္ပတ်ချင်းရာ၊ စုံလင်စွာလျှင်၊ ဂုဏ်ဝါတန်းမြှင့်၊ မနှိုင်းသင့်သည်။ ။ ဘုန်းနှင့်သမ္ဘာရှင်မို့သော်။ ။

အပိုဒ်(၃)
ရစ်သန်းဘလ္လာ မြနန္ဒာနှင့်၊ စ စွာတတန်၊ ကျောင်း ကန် ဇရပ်၊ ပြသာဒ်ဦးပြည်း၊ ရွှေတိချည်းပင်၊ ခိုင်ကျည်းမတ်မတ်၊ ဓာတ်မွေသရီ၊ စေတီ ပုထိုး၊ တင့်စနိုးလျှင်၊ မိုးနဘံမြင့်၊ ငွါးငွါးစွင့်သား၊ ဖူးချင့်စရာ၊ ဝေဆာဆိုင်းဆိုင်း၊ ညို့ညို့မှိုင်းမျှ၊ ရှု့တိုင်းသာမော၊ ပြန့်ပြောကြငှန်း၊ ဥဒါန်းတွင်လာ၊ ညောင်ကန်ရွာလျှင်၊ ဖွါးရာဇာတိပညာရှိတို့၊ အတိချက်သို့၊ ပါရဂိုလ်မှ၊ ထိုထိုနွယ်ရင်း၊ ကျော်သတင်းဖြင့်၊ သက်ဆင်းလျှံကြွ၊ အရှင်သုဒဿနသည် ဂန္တဝင်မြောက်၏ ကျမ်းမွှေနှောက်လျှက်၊ ပါမောက်ခုံတင် ညောင်ကန်သာသနာဝင်ကို ပြီပြင်တွဲ့တွဲ့၊ ရွှေကြိုးသွဲ့သို့၊ နှိုင်းရှဲ့မသင့်၊ ဂိုဏ်းဖွဲ့ချင့်သည်။ ။ ရုန်းဆင့် ကမ္ဘာတွင်ဘို့သော်။

ခုခေတ်လူတွေက မွှေး (တစ်) ကြူကြူ တဲ့။ စ စွာ (တစ်) တန် တဲ့။ ဥသျှောင် (တစ်) မွတ် တဲ့။ ပျက်ကုန်ရော။

ပုံကတော့ မနှစ်က ညောင်ကန်မှာ

ဒေါက်တာတင့်ဆွေ
၁၉-၈-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး