Teacher တီးချာ

ကျနော်တို့ တက္ကသိုလ်ကျောင်းတွေမှာ ဆရာမတွေကို တီချယ်ဆိုပြီး တွင်တွင်ကျယ်ကျယ်သုံးနေကြပါတယ်။ ဆရာတွေကို တီချာလို့သုံးပြီး ဆရာမတွေကိုတော့ တီချယ်လို့ ခေါ်ကြတာ သင့်ပါရဲ့လား။ အင်္ဂလိပ် အဘိဓာန်မှာ အဲ့ဒီဝေါဟာရ ရှိပါသလားဆရာ။

တခြားဘာသာတခုကစာလုံးကို ယူသုံးတာတိုင်းကို မြန်မာလိုအသံထွက်ရတာ အတိအကျ မရတတ်ပါ။ ရတာ နည်းနည်းသာရှိတယ်။ မေးခွန်းပါစာလုံးက အင်္ဂလိပ်စာလုံး။ အသံထွက်မှန် လင့်ကို နားထောင်ကြည့်ပါ။ တီးချာ နဲ့ တီးချား ကြားသံထွက်တယ်။ စာနဲ့ရေးရင် တီခြာလို့ရေးလည်း မမှားပါ။

How to Pronounce Teacher https://www.youtube.com/watch?v=g0yhpMZXkpA

Teacher ဆိုတာ ဘယ်အတန်းကိုသင်သင်၊ ဆရာဖြစ်ဖြစ် ဆရာမဖြစ်ဖြစ် အတူတူ။

မီးနင်း ခေါ် ဗိုကာဘလာရီ ခေါ် အဘိဓါန်ထဲက စာလုံးတွေကို အသံထွက်ပါထည့်တာ မကောင်းပါ။ အမှန်အတိုင်း မရလို့ အမှားတွေကို အလွတ်ကျက်မိမယ်။

ကျွန်တော်တို့တတွေမှာ မကောင်းတဲ့အကျင့်တခုရှိတယ်။ အသံထွက်မှန်နဲ့ လွဲအောင်ထွက်တာကို ခေတ်ဆန်တယ်လို့ ဂုဏ်ယူကြသေးတယ်။ ခပ်လွဲလွဲလေး ရေးမှ ပြောမှ ဟုတ်တယ်ထင်တဲ့အကျင့်ဟာ သံဃာစင်ပေါ် ဘုန်းကြီးတွေရှေ့မှာ ဒါယိကာမက တင်ပါးလွှဲထိုင်သလိုပဲ။

ဒေါက်တာတင့်ဆွေ
၂၉-၈-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး