AIDS နဲ့ ရုပ်ရှင်မင်းသား
(လိင်တူနဲ့ HIV) အောက်မှာ ကွန်မင့်တခုလာပါတယ်။ ဟုတ်ပါတယ်ဆရာ။ နံမည်စကြီးတာ ရုပ်ရှင်မင်းသားကြီး Rock Hudsonလေ။ ၁၉၈၅ အကုန်လောက်တုန်းကပေါ့။
အမေရိကန် နာမည်ကြီးရုပ်ရှင်မင်းသား Rock Hudson (ရော့ခ် ဟဒ်ဆန်) မှာ HIV ပိုရှိတယ်လို့ ၅-၆-၁၉၈၄ မှာ သိရတယ်။ လူအများက မသိကြရသေးပါ။ ဆေးကုဘို့ ပြင်သစ်လည်းသွားခဲ့သေးတယ်။ ၂၁-၇-၁၉၈၄ ပဲရစ်မြို့ ရဇ်ဟော်တယ် အခန်းထဲမှာ သတိလက်လွတ်ဖြစ်သွားတယ်။ အမေရိကန်သမတ ရီဂင်သွားမေးသေးတယ်။ (ဟဒ်ဆန်) ရဲ့ အတွင်းရေးမှူးကတော့ ကုမရတဲ့အသည်းကင်ဆာလို့သာပြောတယ်။ AIDS ဖြစ်နေသလားမေးတာကို စမ်းသပ်မှုတွေ အားလုံးလုပ်နေပါတယ်လို့သာ ဖြေတယ်။
၂၅-၇-၁၉၈၅ နေ့မှသာ (ရော့ခ် ဟဒ်ဆန်) မှာ AIDS ဖြစ်နေတာ တနှစ်ရှိပြီလို့ ထုတ်ပြောတယ်။ ၂-၁ဝ၁၉၈၅ မှာ ကွယ်လွန်သွားတယ်။ (ရော့ခ် ဟဒ်ဆန်) ရဲ့ AIDS သတင်းကနေ (ဟိုမိုဆက်ကျူရယ်လတီ) လိင်တူဆက်ဆံရေးအကြောင်း လူအများကြားမှာ ဆွေးနွေးမှုတွေဖြစ်လာဘို့ လမ်းဖွင့်ပေးသလို ဖြစ်စေခဲ့တယ်။
၁၆-၈-၁၉၈၅ နေ့ထုတ် People ထဲမှာ သူ့ရောဂါနဲ့ သူ့ လိင်မှုကိုဆက်စပ်ဆွေးနွေးတာပါခဲ့တယ်။ စောင်ရေ ၂့၈ သန်း ထုတ်ဝေနေချိန်ကဖြစ်တယ်။ သူ့ထုတ်ဖေါ်မှုကြောင့် AIDS အတွက်ရံပုံငွေရှာတာ၊ လူတွေကနေ လက်ခံလာတာတွေကို ဖြစ်စေလိုက်တယ်။
(ရော့ခ် ဟဒ်ဆန်) ကွယ်လွန်တော့ သူ့ ယောက်ျားရည်းစားဟောင်း Marc Christian (မာ့ခ် ခရစ်ရှန်) က တရားစွဲတယ်။ စွဲဆိုချက်ထဲမှာ (ရော့ခ် ဟဒ်ဆန်) ဟာ သူ့မှာ AIDS ရှိနေမှန်းသိပေမယ့် သူ့ကို ၁၉၈၅ ဖေဖေါ်ဝါရီလအထိ (၈) လမက လိင်ဖက်ပြုတယ်ခဲ့တယ်လို့ဆိုပါတယ်။ သူ့ကို အကြိမ်ကြိမ်စမ်းသပ်ပေမယ့် HIV မတွေ့ပါ။ (ရော့ခ် ဟဒ်ဆန်) ရဲ့ ကိုယ်ရေး အရာရှိကိုလည်း သူ့ကိုလိမ်ပြောတယ်ဆိုပြီး တရားစွဲတယ်။ ၁၉၈၉ မှာ ဂျူရီကနေ ခရစ်ရှန်ကို နစ်နာကြေး ၂၁့၇၅ သန်း ပေးစေတယ်။ နောက်မှ ၅့၅ သန်းထိလျှော့ချလိုက်ပါတယ်။
အဲဒီအချိန်တုံးက HIV ဟာ French kiss ပြင်သစ်နမ်းနည်းကနေ ကူး-မကူးဆိုတာ မပြောနိုင်သေးပါ။ သူရိုက်ကူးတဲ့ ရိုပ်ရှင်ထဲမှာ နှုတ်ခမ်းခြင်းနမ်းတဲ့ မင်းသမီးတွေ ဥပမာ Dynasty ဇာတ်လမ်းတွဲထဲက Linda Evans (လင်ဒါ အီဗင်စ်) ကို ကူးမလား စိုးရိမ်ခဲ့တယ်။ မင်းသားက သူ့မှာ AIDS ရှိနေပြီဆိုတာသိပေမယ့် မင်းသမီးကို ထုတ်မပြောခဲ့ပါ။ (လင်ဒါ) ကလည်း စိတ်မဆိုးဘူးလို့ ဆိုပါတယ်။
HIV ပိုးရှိနေသူတွေရဲ့သွားရည်ထဲမှာ ပိုးတွေရှိနေနိုင်ပေမယ့် သူများကို ကူးစက်လောက်အောင်မများလို့ ပြင်သစ်အနမ်းကြောင့် HIV ကူးစေတယ်လို့ ကနေ့အထိ မတွေ့သေးတာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၄-၂ဝ၁၅

Comments
Post a Comment