HIV new approach အိတ်ခ်ျအိုင်ဗွီကုသနည်းသစ် အလားအလာရှိ
- HIV ကုသနည်းသစ်ကို ပထမဆုံးလူနာတွေကိုစမ်းသပ်နည်း လုပ်နေပါပြီ။ အလားအလာကောင်းတယ်လို့ ၈-၄-၂ဝ၁၅ နေ့ထွက် (လွန်ခဲ့တဲ့ ၄ နာရီက) ဆေးသုတေသနသတင်းက ဆိုပါတယ်။
- လူနာ့သွေးထဲကိုါ်ါတ်ပျယ်စေမယ့်ဆေးသွင်းပေးရတယ်။ ရှားရှားပါပါး ရောဂါကို သဘာဝအတိုင်း ထိန်းထားနိုင်သူဆီက ရတဲ့ immune proteins clones ခုခံအား (ကလုန်း) တွေကိုသုံးပါတယ်။
- လူတိုင်းဟာ ရောဂါပိုးတမျိုးမျိုးဝင်လာရင် ခုခံနိုင်စွမ်းရှိတဲ့ (အင်တီဘော်ဒီ) တွေထုတ်နိုင်စွမ်းရှိကြတယ်။ ခက်တာက လုံလောက်အောင်မထုတ်နိုင်ရင် ရောဂါရတယ်။
- အခုစမ်းသပ်မှုမှာ အဲလို (ကလုန်းစ်) တွေထိုးပေးတော့ တချို့က ၄ ပါတ်အထိခံတာတွေ့ရတယ်။ လူတိုင်းမှာတော့ ဖြစ်စေချင်သလိုဖြစ်မလာပါ။ ကုသနည်းက စိတ်တော့ချရပါတယ်။
ဒေါက်တာတင့်ဆွေ
၈-၄-၂ဝ၁၅
http://www.bbc.com/news/health-32206951

Comments
Post a Comment