မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကျန်းမာကြပါစေ

Photo taken on 19-11-2011 by an Indian photo-journalist at Yamuna Clinic
This Blog is created on 10th October 2014

How to ask ကျန်းမာရေးနဲ့ ဆေးပညာ မေးလိုတာရှိပါက

• ဖေ့စ်ဘွတ် ကွန်မင့်ကနေ မမေးပါနဲ့။
• ဖြစ်တဲ့သူရဲ့ ကျား-မ နဲ့ အသက်ကို အရင်ဆုံးရေးပါ။ နာမည် မလိုအပ်ပါ။
• ဖြစ်နေတာ ၁-၂-၃။ ဖြစ်တာဘယ်လောက်ကြာပြီ။ လိုအပ်ရင် ရာသီ၊ အိမ်ထောင်ရေး၊ ကျန်းမာရေးနောက်ခံ၊ နေတဲ့တိုင်းပြည်။ တိုတိုရှင်းရှင်းသာရေးပါ။
• ဆေးစစ်ချက်တွေနဲ့ ပုံတွေကို အတည့်ပို့ပါ။ လိုတာကိုသာပို့ပါ။ အာလ်ထွာဆောင်းမှာ ပုံမလိုပါ။ မှတ်ချက်သာလိုတယ်။
• SMS အရေးအသားမျိုးကို မဖတ်တတ်ပါ။ မြန်မာစကားကို အင်္ဂလိပ်စာလုံးနဲ့ရေးတာကို မဖတ်ပါ။
• ဖုန်းဆက်ပြီးမေးရင် အချိန်ဇုန်မတူတာရော၊ အသံထွက်လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• မေးတဲ့သူက မိမိကိုယ်မိမိ သား-သမီးလို့မရေးပါနဲ့။ ဖြေမယ့်ဆရာဝန်ကို ဆရာလို့သာသုံးပါ။
• ဆေးရုံ-ဆေးခန်း-ဆရာဝန်-ဆေးဆိုင်-ဆေးဈေး-ကုန်ကျစရိတ် စတာတွေကို မသိပါ။
• မေးစရာနေရာ (၁) အီးမေးလ် doctortintswe@gmail.com (၂) ဖေ့စ်ဘွတ် https://www.facebook.com/tint.swe.dr (၃) ဖေ့စ်ဘွတ် https://www.facebook.com/drtintswe/
• မေးနည်းစည်းကမ်းအရ မမေးလိုသူများ http://doctortintswe.blogspot.com/ Dr. Tint Swe's Writings မှာ ရှာဖတ်နိုင်ကြပါတယ်။

Sunday, November 20, 2016

ဘူး ဖူး ဗူး

Zarni Thantzin ဆရာရေးတဲ့ ဝန်ကြီးဆိုပြီး အကြာကြီးခေါ်ခံရဘူးတယ်။ အဲဒီ့မှာ ဖူးသုံးရမှာလား၊ ဘူးသုံးတာက အမှန်လား။

ဘူး
စာဘူးတောင်း။
ကြားဘူးနားဝ။
ဘူးကွယ်နေသည်။
ဘူးခံငြင်း။
ဘူးပင်။
ဘူးလုံးနားမထွင်း
ဘူးလည်သီးခတ်ချည်နည်း။
ဘူးသပိတ်ပင်။
မကြားဘူး။
မမြင်ဘူး။
မလိုက်ဘူး။
မရောက်ဘူး။
ဆေးဘူး။
ထောင်ဘူးဝ။

ဖူး
ဖူးငုံပွင့်စ။
ဖူးစာကံ။
ဖူးစာကျဲ။
ဖူးဖူးမှုတ်ထား။
ဖူးမြင်ရတယ်။
ဖူးမြော်လိုလှတယ်။
ဖူးရောင်နေပါလား။
ဘုရားဖူးသွားမယ်။
မဖြစ်ဖူးမထင်နဲ့။
အဲလို တခါမှ မဖြစ်ဖူးဘူး။

ဗူး
ဗူးခါးရေ။
ဗူးပင်။ ဗူးညွန့်။ ဗူးသီး။
ဗူးလုံးနားမထွင်း။
ဗူးလေးရာ ဖရုံဆင့်။
ရေဗူး။

မဟာစည်ဆရာတော်ဘုရားရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ဖတ်ရပါတယ်။ ထို့ကြောင့် မြင်ဘူး၊ ကြားဘူး၊ နံဘူး၊ စားဘူး၊ တွေ့ထိဘူး၊ ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျှက် နိစ္စ၊ သုခ၊ အတ္တဟု ထင်မြင်စွဲလမ်းမှုသည်ဖြစ်ပေါ်၏။

ဗူးရွက်လက်ဆောင် ရောက်လာတယ်။ ဗူးရွက်မှာ အဖူးလေးတွေလည်းပါတယ်။ ခရမ်းချဉ်သီးစိမ်းလည်း ပါလာသေးတာ။ နောက်တယောက်ဆီကတော့ ကင်းပုံသီးရတယ်။ အရင်က ကင်းဗုန်သီးလို့လည်း ရေးကြတယ်။

အခုထုတ်သတ်ပုံစာအုပ်မှာ ဘူးရွက်တဲ့။ ဗူးကို ကလေးဗူးမှုတ်တာတခုတည်းလို့ လုပ်ထားတယ်။ ကျွန်တော်တို့ငယ်ငယ်က ဗူးရွက်လို့ ရေးတယ်။ ရေဗူးလို့ ရေးတယ်။ ဘူးတလုံးဆောင် အိုတောင်မဆင်းရဲကတော့ မှန်တယ်။ သတ်ပုံ ပြောတာပါ။ အခုတော့ ရေဘူးပေါက်တာမလိုချင် မလိုချင်ဘူးတဲ့။ အဲတာက ဘူးနှစ်လုံးဆောင်။ ဗူးခါးရေနဲ့ ကြမ်းကြားလေကို ဘယ်လိုရေးရေး အေးပါတယ်။

ဆေးလိပ်လက်ဆောင် (မယ်ခွေ)
• မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။
• မီးမကူ နေပူမှာမကင်အားလို့
• ထားရတယ် အိပ်ယာအောက်မှာ
• မင်းသောက်ဖို့ကို။

• ညှာအနား ရှေ့သွားနှင့်ကိုက်လို့တို
• မချိုတောင့် လိပ်ဆေး။

• ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့်
• ငယ်ချစ်မောင် ရွှေဝသွားကို
• ပါးလိုက်ကဲ့လေး။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.