စိုး နဲ့ ဆိုး

စိုး နဲ့ ဆိုး မှားရေးတဲ့မေးခွန်းတွေ နေ့တိုင်းဖတ်နေရလို့။

၁။ ဆိုးရိမ်မိလို့ပါဆရာ ဖြေပေးပါလားဗျ။

စိုးရိမ်လို့ ရေးရတယ်။

၂။ ဆရာ သမီးကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေစဉ် feffrovit သွားသောက်မိတယ် ferrous fumarate ကြောင့် ကိုယ်ဝန်တယ်ပါ့မလားလို့ ဆိုးရိမ်မိတယ်

စိုးရိမ်လို့ရေးရတယ်။ ကိုယ်ဝန်တည်လို့ ရေးရ။

၃။ အာလ်ထွာဆောင်ရိုက်ဘူးပါတယ်ဆရာ။ ဘာမှမဖြစ်ဘူးဆရာ။ ကျွန်မခလေးယူရင် ခလေးအတွက်ဖွံဖြိုးမူ့တွေလိုအပ်မှာ အရမ်းဆိုရိမ်လို့ပါဆရာ။

စိုးရိမ်လို့ရေးရတယ်။

စိုး
စိုးစံသည်
စိုးစဉ်းမျှမသိ
စိုးပိုင်သည်
စိုးမိုးသည်
စိုးရိမ်ကြောင့်ကြနေကြရသည်
စိုးစဉ်းမျှမသိ
စိုးရွံ့
စိုးရိမ်စိတ်
စိုးအုပ်
ကြီးစိုးသည်
အစိုးရ
အုပ်စိုးသူ
ညီမလေးရယ် စိုးရိမ်မိတယ်
ရောဂါဆိုးမှာ စိုးရိမ်သည်

ဆိုး
စိတ်ဆိုးနေသည်
ဆိုးဆိုးသွမ်းသော
ဆိုးတူကောင်းဖက် လက်တွဲနေထိုင်ပါ
ဆိုးမျိုးခံခဲရတာ နှစ်ငါးဆယ်ရှိပြီ
ဆိုးယုတ်သော အာဏာရှင်စနစ်ကလွတ်မြောက်ပါစေ
ဆိုးလွန်းတဲ့အစိုးရလက်အောက်မှာ လူတွေ အစိုးမရဖြစ်ကြရမည်
ဆိုးဝါးသောရာသီဥတု
ဆိုးခနဲဆတ်ခနဲ
ဆိုးဆိုးဆတ်ဆတ်
ဆိုးတူကောင်းဖက်
ဆိုးမျိုးခံ
ဆိုးရည် (သင်္ကန်း)
ဆိုးရွား (ဆိုးဝါး)
ဆိုးရွားသော အခြေအနေက လွန်မြောက်ပါစေ
ဆိုးသွမ်းလူငယ်တွေ မဖြစ်ပါစေနဲ့
တန်ဆိုးလက်ဆောင် (ယခင်သတ်ပုံ) တံစိုးလက်ဆောင် (နောက်ပေါ်သတ်ပုံ)
ဆေးဆိုးသည်

တချို့က သတ်ပုံစာရေးရင် သိရက်နဲ့ ဖျက်ရေးတာလို့ ကွန်မင့်မှာ ထင်ကြေးပေးတယ်။ မဟုတ်ပါ။ မှားရေးတာ ၉ဝ% လောက်က အမှန်အတိုင်းကို မသိကြတာ။

ဒေါက်တာတင့်ဆွေ
၁၅-၁၁-၂ဝ၁၇
၎-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး