Big Potato country ပုံ

(၃ နှစ်က ဒီရက်မှာတင်ခဲ့တဲ့စာ)

• ပုံကြီးချဲ့
(နဝတ) နဲ့ (နအဖ) လက်ထက်တွေမှာ မိုးလုံးပြည့် မုသာဝါဒဆိုပြီး အတိုက်အခံမှန်သမျှကို ပုံကြီးချဲ့၊ အပြစ်တွေပုံချတယ်။ အမတ်တွေဓါတ်ပုံကို ပုံပျက်အောင်ဖျက်တယ်။ သူတို့ကိုယ်သူတို့ကြ ကယ်တင်ရှင်အထင်ခံချင်ကြတယ်။

• ပုံကြမ်း
(နအဖ) ရဲ့ လမ်းပြမြေပုံဆိုတဲ့ ပုံကြမ်းကို ပဌမအသွင်ပြောင်းအစိုးရက ပုံဖေါ်တယ်လို့ပြောတယ်။ ဒုတိယအစိုးရ လက်ထက်မှာ ပုံစံကျအောင်သင်ပေးထားသူတွေက ပုံပျက်ပန်းပျက်ဖြစ်နေကြတယ်။

• ပုံဖမ်း
ပုံဖမ်းပြီး ယုံတမ်းတွေတော့ လုပ်နေကြပါရဲ့ ပုံကျနေတဲ့တိုင်းပြည့်အခြေအနေကို တိုးတက်လာဘို့ မစွမ်းနိုင်ကြပါ။ ပုံသွင်းထားသူတွေကို ပုံအပ်ထားတာမှားတယ်။ တာဝန်အရှိဆုံးလူတွေကတော့ ပုန်းရှောင်နေကြပြီ။ နောက်ကြောင်းပြန် အရေးမယူရအထိ လုပ်ထားလိုက်သေးတယ်။

• ပုံတိုပတ်စ
ပုံပြင်တွေထဲမှာ လူဆိုးမှန်သမျှ ပြစ်ဒဏ်ခံကြရတာချည်းပဲ။ ပုံတိုပတ်စတွေထဲမှာ ဒေဝဒတ်လည်း ပြေးမလွတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၄-၃-၂ဝ၁၄
၁၄-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး