Horseshoe Kidney မြင်းခွါပုံကျောက်ကပ် နှင့် အယူအဆလွဲများ

ဆရာရှင့် မင်္ဂလာပါ သမီးကတော့ မြင်းခွာကျောက်ကပ်ပိုင်ရှင်ပါ 16 March နေ့က ဆေးသောက်။ စက်နဲ့ဆေးသွင်းပြီး CT Scan  အရိုက်ခံတော့မှ သိရတာပါ အဲ့ ဒီ မတိုင်ခင်က ဝမ်းဗိုက်ထဲမှာ နာနည်း ပေါင်းစုံနဲ့ ဝေဒနာ တစ်လနီးပါး ခံစားခဲ့ရပါတဟ် DR က CT result ကြည့်ပြီး ဆီးလမ်းကြောင်းထဲ ပိုက်ထည့်ပြီး စောင့်ကြည့်ရမယ်ပြောပါတယ် အဆင်ပြေရင် ပိုက်ပြန်ထုတ်မယ်။ အဆင်မပြေရင် ခွဲစိတ် Operation လုပ်ရမယ်တဲ့။ ကံကောင်းထောက်မစွာ ဆေးရုံတက်စေတဲ့ Dr က နိုင်ငံခြားတပတ်သွားရမယ်ဆိုလို့ အခြား Dr ဆီ ပြောင်းပြခဲ့ပါတယ်။ နောက်ဆုံး DR က သေချာ စမ်းသပ်ပြီး 5 ရက်စာ သောက်ဆေး ပေးပါတယ်။ ပြီးရင် ပြန်လာပြဖို့ ရက်ချိန်းပေးပါတယ်။ အခု တလစာ ရက်ချိန်း ပေးထားပါတယ်ရှင့် Clofen plus & MOM ကို နာမှသောက်ပါတဲ့ Maxgalin  50 mg ကို ညတိုင်း သောက်ရပါတယ် စစ ဦးဆုံး ဝေဒနာက ဗိုက်ထဲ တစ်ခုခု ခုနေသလို ခံစားရတာပါ။ ထိုင်ရင် ခုတာလေးကို လက်နဲ့ ပွတ်ရင်းထိုင်ရပါတယ် သားအိမ်ကျတာထင်လို့ ဗိုက်ကို အနှိပ်ခံပါတယ်။ မသက်သာတော့ OG နဲ့ပြပါတယ်။ သက်တန့်ထင်လို့ သူတပါး အောက်လမ်း လုပ်မလုပ်။ သက်တန့် ဟုတ်မဟုတ် စစ်ပါတယ်။ အထက်လမ်းဆရာက အဲ့နားမှာ အူရှိတယ်ဆိုလို့ အစာအိမ်နဲ့အူလမ်းကြောင်း Dr ကိုပြပါတယ်။ မနက်မှ ဆက်ရေးပါရစေရှင့်

အမျိုးသမီးလို့သိ။ အသက် မသိ။ ရာသီ မသိ။ အိမ်ထောင်ရေး မသိ။ ကိုယ်ဝန်-ကလေး မသိ။ မွေးရာပါ ကျောက်ကပ်ရှိသူမှန်းသိ။ ရောဂါသိပြီးဖြစ်သူက ဘာလို့ တခြားရောဂါတွေကို ထင်နေသလဲ မသိ။ အောက်လမ်း-အထက်လမ်းလို့ထင်တဲ့သူမျိုး ဒီခေတ်မှာ မရှိသင့်တော့။ ဆရာဝန်၊ ဆေးအမည်၊ ခွဲစိတ်ခြင်းနဲ့ နေ့စွဲကို အင်္ဂလိပ်လိုရေးတတ်သူမျိုးက ဘာကြောင့် အယူအဆလွဲမှားတာကို လက်ခံနေသလဲ မသိ။

Horseshoe Kidney မြင်းခွါပုံကျောက်ကပ်ကို Renal Fusion လို့လည်းခေါ်တယ်။ လူတိုင်းမှာ မွေးကတည်းက ကျောက်ကကပ် ၂ ခုစီပါတယ်။ တချို့မှာ အဲဒီနှစ်ခုက ဆက်တွဲနေတယ်။ ကလေး ၅ဝဝ မှာ တယောက်ကအဲလိုနဲ့ မွေးလာကြတယ်။ တချို့တိုင်းပြည်တွေမှာ ယောက်ျားလေးတွေမှာ ပိုတွေ့ရတယ်။ အဲလိုကလေးတွေမှာ ကျောက်ကပ်ရောဂါပိုတွေ ရလာတတ်တယ်။ ဆောရီး။ ကျောက်ပိုဖြစ်တာတော့ မတွေ့ရပါ။ ကုသနည်းကတော့ ခွဲစိတ်ရတယ်။

ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး