မထွေးမပါ တို့ချည်းသာ

ဆရာရှင့် ရောဂါနဲ့တော့မဆိုင်ပါ သူ့ကြည့်သက်သက်ဆိုတာမျိုးမှာ ကြည့်ကိုဘယ်လိုရေးရတာလဲရှင့်။ အမြဲ ဇဝေဇဝါဖြစ်နေလို့ပါရှင့်။

ကြည့် မဟုတ်ပါ။ ချည်း ဖြစ်တယ်။

ချည်း = လက်ချည်းသက်သက်။ သူ့ချည်းသာ။ ကောင်းတာချည်းဖြစ်သည်။ ဤသို့ချည်းသာဖြစ်သည်။ အချည်းအနှီးဖြစ်သည်။ လူချည်းပြန်လာသည်။ အဝတ်ချည်းစည်း။ ကြောင်းချည်း = ရှောင်တခင်။

ရွှေစွန်ညို ဘာကိုလိုလို့ဝဲပါတယ်၊
မထွေးလိုလို့ ဝဲပါတယ်။
မထွေးမပါ တို့ချည်းသာ၊
ပါပါရဲ့သား နောက်ကထား၊
မထွေးအသား ခါးလှယ် ၊
ချောင်းငယ်ရေနဲ့ ဆေးပါ့မယ်၊
ချောင်းငယ်ရေချမ်း နွေမှာခန်း၊
မြစ်ငယ်ရေနဲ့ ဆေးပါ့မယ်၊
မြစ်ငယ်ရေချမ်း နွေမှာခန်း၊
ပင်လယ်ရေနဲ့ ဆေးပါ့မယ်၊
ပင်လယ်ရေ ဘယ်မခန်း မထွေအမိဖမ်း။

https://uta-karaoke.com/watch/?v=9q-AORyUy-U

ဒေါက်တာတင့်ဆွေ
၁၂-၃-၂ဝ၁၈

Comments

  1. မထွေး တလုံးမှာ (း) ကျန်နေခဲ့။ ဆောရီး။

    ReplyDelete

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး