ငယ်စဉ်ကို မှန်း

ဆရာက ပုလဲက ဒေါက်တာတင့်ဆွေဆိုရင် ဆရာ့အတွက် အလွမ်းပြေ ဆရာ့အိမ်ကို ဓာတ်ပုံရိုတ်ထားတာပို့ပေးလိုက်မယ် ဆရာ။ ကျွန်တော် ကြောင်သန်းကပါဆရာ။ ရန်ကုန်မှာ စက်မှုအင်ဂျင်နီအလုပ်နဲ့ လုပ်ပါတယ်ဆရာ။

ကိုယ့်မှာရှိခဲ့တာ အဲတာသာ။ အဲတာလည်း အိုဟောင်းပျက်စီးနေပြီ။ သစ်လွင်တောက်ပမှု ကင်းမဲ့ပြီ။ သက်ဝင်လှုပ်ရှားမှု ဆိတ်သုဉ်းပြီ။

ကိုယ့်မှသာ မဟုတ်။ လူတိုင်းကိုယ်စီမှာ သစ်လွင်တောက်ပမှုရော သက်ဝင်လှုပ်ရှားမှုပါ ရှိခဲ့ကြတယ်။ တချို့မှာ တာရှည်ပြီး တချို့မှာ မကြာ။ ဖြစ်စဉ်သဘောကတော့ တူတယ်။

နုပျိုသစ်လွင်ချိန်မှာ အကျိုးရှိစေတာကို စွမ်းနိုင်သလောက် လုပ်ကြရတယ်။ အစွမ်းရှိသူတွေ ဖြစ်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၉-၃-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး