Well done (2) သာဓုခေါ်ခြင်း (၂)

သာဓုပါလို့ စာထဲမှာတခါမှ မသုံးပါ။ တရားနာရေစက်ချချိန်မှာတော့ ပီပီသသခေါ်ပါတယ်။ သာဓုဆိုတာ ပါဠိစကား ဖြစ်တယ်။ မြန်မာလို (ကောင်းလေစွ) လို့ အဓိပ္ပါယ်ရတယ်။ သာဓုခေါ်တယ်ဆိုတာ ကောင်းတာလုပ်တာ၊ ကောင်းမှုပြုတာကို အသိအမှတ်ပြုတယ်။ ချီးကျူးရာလည်းရောက်တယ်။ အတွေ့အကြုံလေးတခု ရေးပါရစေ။ အိန္ဒိယမှာနေစဉ်က အမျိုးသားညွန့်ပေါင်းအစိုးရရုံးကို တာဝန်ယူခဲ့ရတယ်။ ၂ဝဝ၇ မှာ သံဃာတော်တွေက ဆန္ဒပြကြတဲ့ အချိန်တွေမှာ ဒေလီအခြေစိုက်အဖွဲ့တွေကို စည်းရုံးခဲ့ပါတယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေကိုဖိတ်ပြီး လက်တွဲဆောင်ရွက်ဖို့ ပြောရတယ်။ မြန်မာဒုက္ခသည်တွေထဲမှာ ၉ဝ% က ခရစ်ယန်ဘာသာဝင်တွေဖြစ်ပြီး အဲဒီအချိန်က မြန်မာခရစ်ယန်အသင်း (၁ဝ) ခု လောက်ရှိတယ်။ အသင်းတော်တွေကိုလည်း NCGUB ရုံးမှာဖိတ်ပြီး ဆုတောင်းပွဲလုပ်ပေးကြဘို့ရာ မေတ္တာရပ်ခံပါတယ်။ အစည်းအဝေးမှာ အသင်းတော်တခုက တာဝန်ရှိသူကပြောတာဟာ ကျွန်တော့်အဖို့ အတော်ထူးဆန်းနေပါတယ်။ (သာဓု) အသံကြားရရင် သူ့အဖို့တော့ စကားလုံးအတိအကျတော့ မမှတ်မိပါ။ အနှောင့်အယှက်ဖြစ်တာ၊ မနှစ်သက်တာကို ပြောတာတော့ သေချာတယ်။ သာဓုဆိုတာ ဘယ်လိုအဓိပ္ပါယ်ဆောင်တယ်လို့ ပြောတဲ့သူက သိမယ်မထင်ပါ။ ဗုဒ္ခဘာသာရဲ့ အများသုံးဝေါဟာရလို့ပဲ သိမယ်ထင်ပါတယ်။ အင်္ဂ...