Welding fume health hazards ဂဟေဆော်လုပ်ငန်းနှင့် ကျန်းမာရေး
၁။ ဒေါက်တာခင်ဗျာ Welding (Co2, Ar) အငွေ့အသက်တွေကို ရှုရှိုက်မိခြင်းအားဖြင့် ဘာဆိုးကျိုးတွေ ရှိနိုင်ပါသလဲခင်ဗျာ။ ၂။ ဆရာ ကျွန်တော်အသက်က ၂၉ပါ။ အခုလောလောဆယ်တော့ မှာနေပါတယ်။ အရင်တုန်းက ဝရိန်ဆော်တဲ့အလုပ် လုပ်ရင်းနဲ့ မျက်စိကိုထိတာကနေ အခုဆိုရင် အိပ်ရေးပျတ်တဲ့အခါတို စာဖတ်တာနည်းနည်းများတဲ့အခါတို့ ဖုန်းတွေ ကွန်ပြူတာတွေကြည့်တဲ့အခါ ဘယ်ဘက်မျက်လုံးတဘက်ကပူလာပြီး ကြည့်ရတာဝါးဝါးသွားတယ်ဆရာ။ ၂ဝဝ၄ မတ်လ ၁၁ နေ့ ထုတ်ပြန်ချက်တခုထဲမှာ အမေရိကန်မှာ ဂဟေဆော်လုပ်ငန်းမယ် လူပေါင်း ၄ သိန်းကျော် လုပ်ကိုင်နေရတယ်၊ သူတို့မှာ လုပ်ငန်းခွင်ကျန်းမာရေး အန္တရာယ်တွေ ရှိနေကြရတယ်၊ အဲဒါတွေထဲမှာ အသက်ရှူလမ်း၊ အာရုံကြောနဲ့ မျိုးပွားလမ်းတွေမှာ ထိခိုက်နိုင်တယ်လို့ ပါရှိခဲ့တယ်။ သုတေသနတွေ ဆက်လုပ်စရာတော့ ရှိတယ်လို့လဲ ဆိုပါတယ်။ ၂ဝဝ၃ ခုနှစ်က အတော်ကြီးပြည့်စုံတဲ့ ဂဟေဆော်ခြင်းနဲ့ပါတ်သက်တဲ့ သိပ္ပံစာပေ ဆန်းစစ်ချက်တခု ထုတ်ခဲ့တယ်။ အဲဒီ ဂဟေဆော်ခြင်းနဲ့ ကျန်းမာရေးစာတမ်း အဆိုအရ လေပြွန်ရောင်ခြင်း၊ အသက်ရှူလမ်း ထိခိုက်ခြင်း နဲ့ တခြား အသက်ရှူလမ်းဝေဒနာတွေ အများစုမှာ ခံစားကြရတယ်လို့ ပါရှိခဲ့တယ်။ တချို့ကလည်း အဆုပ်-ကင်ဆာ၊ အာရုံကြောရောဂါ ဖြစ်မလားပြေ...