Traditional snack မုန့်နဲ့မိုး

မုန့်လုပ်ပြီး လာပို့ပေးတဲ့သမီးကတော့ မုန့်ပျားသလက်တဲ့။ စားတော်ပဲ၊ ကြက်သွန်မိတ်နဲ့ နံနံပင်လေးပါလို့ အိုးကင်းပူမှာ ပြန်နွှေးပြီး ညှော်နံ့လေးနဲ့စားတော့ မုန့်လင်မယားနဲ့လည်းတူတယ်။ အချိုမပါပေမယ့် ရေမုန့်ကိုလည်း သတိရစေတယ်။ ရှမ်းပြည်ထွက် လက်ဖက်ခြောက်ကောင်းခပ်ထားတဲ့ ရေနွေးကြမ်းနဲ့ အညာထန်းလျက်ခဲပါစားဖြစ်တယ်။

အပြင်မှာတော့ မိုးစက်လေးတွေ ကျနေတယ်။ ညပိုင်းမှာ မိုးသည်းမယ်တဲ့။ မြန်မာပြည်ကို မိုးတွေပို့လိုက်ချင်တယ်။ မြန်မာပြည်က စေတနာမိုးတွေက ဒီအထိ မကြာမကြာရောက်တယ်မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၆

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး